ကရင်ပြည်နယ်အတွင်း မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေး - ကရင်ပြည်နယ်အတွင်း မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေး

ကရင်ပြည်နယ်အတွင်း မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေး

Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / July 12, 2019


ဘားအံ - ဇူလိုင်(၁၁)
 ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက်(၈)နာရီအချိန်၌ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။
 ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍသည် မည်သည့်အခါမှ တိမ်ကောသွားမည်မဟုတ်ပါ၍ တောင်သူများ၏ လိုအပ်ချက်အပေါ် အခြေခံသောနည်းပညာများဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်/ခရိုင်/မြို့နယ်အလိုက် မိတ်ဆက်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။
 ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က စိုက်ပျိုးရာသီကာလတွင် မိုးသီးနှံများ စိုက်ပျိုးပြီးစီးမှုအခြေအနေနှင့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
 ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်/ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာစီမံကိန်းတာဝန်ခံများက မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့်ဒေသအတွင်း မိုးစပါးစိုက်ပျိုးမှု လျာထားချက်ပြည့်မီရေးနှင့်အထွက်နှုန်းတိုးစေရေးအတွက် ဆောင်ရွက်ထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •