ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ ကျင်းပ - ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ ကျင်းပ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ ကျင်းပ

Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / July 12, 2019


ဘားအံ - ဇူလိုင်(၁၁)
 ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ကို ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက်(၁၀)နာရီက ကရင်ပြည်နယ်လွှတ်တော်တွင် ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ စုစုပေါင်း (၂၁)ဦး တက်ရောက်ကြသည်။
 ပြည်နယ်လွှတ်တော်မှ သဘောတူအတည်ပြုပြီးသော ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးမင်းကိုခိုင်ကလည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးလင်းထွန်းနေရာတွင် အစားထိုးတာဝန်ပေးအပ်ခံရသော ဗိုလ်ကြီးဟိန်းထက်နိုင်ကလည်းကောင်း၊ ပြည်နယ်လွှတ်တော်ရှေ့၌ ကတိသစ္စာပြု လက်မှတ်ရေးထိုးကြသည်။
 ဆက်လက်၍ ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီနှင့် ပြည်နယ်လွှတ်တော်စည်ပင်သာယာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ လစ်လပ်ကြောင်း ကြေညာပြီး အဆိုပါတာဝန်အား မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသန့်ဇင်အောင်အား အစားထိုးတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြပြီး သဘောတူညီချက်ရယူခဲ့ကြကြောင်း သိရသည်။
 ထို့နောက်ပြည်နယ်လွှတ်တော်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့်တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် (၁) ဦး အစားထိုးတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြပြီး သဘောတူညီချက်ရယူခဲ့ကြကြောင်း သိရသည်။

 

 

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •