ကလိန်အောင်မြို့၌ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန် ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်လှူဒါန်း - ကလိန်အောင်မြို့၌ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန် ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်လှူဒါန်း

ကလိန်အောင်မြို့၌ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန် ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်လှူဒါန်း

Ministry of Information/ ​နေပြည်တော် / August 14, 2019
image_latest


ကလိန်အောင် သြဂုတ် ၁၄

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် သြဂုတ် ၁၁ ရက်နေ့က မြစ်ရေကြီးမှု များဖြစ်ပေါ်ခဲ့ရာ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်များတွင် နေအိမ် တချို့ ရေကြီးနစ်မြှပ်မှုများ ဖြစ်ပွားခဲ့သည့် ရေဘေးသင့်ပြည်သူများ အတွက် အလှူရှင်များက စားသောက်ကုန် ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်လှူဒါန်းရာတွင် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်၊ အသင့်စား ခေါက်ဆွဲခြောက် တို့ကိုလည်းကောင်း၊ နယ်မြေခံတပ်ရင်း (၃) ရင်းမှ ဆန်၊ အသင့်စား ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး၊ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းမှ အလှူငွေ (၃) သိန်း၊ ရဲတံခွန်ဇောတိက၊ ရတနာ လူမှုစီးပွားစီမံကိန်းမှ အလှူငွေ (၃) သိန်းကျပ်၊ ထားဝယ်မြို့ ဂရုဏာမေတ္တာရှင်ဖောင်ဒေးရှင်မှ အသင့်စား ခေါက်ဆွဲ ခြောက်၊ ရေသန့်ဘူး၊ ငါးသေတ္တာဘူး၊ ထားဝယ်မြို့ ဇမ္ဗူသီရိနာရေးကူညီ သယ်ဆောင်ရေးအဖွဲ့မှ အသင့်စားခေါက်ဆွဲခြောက်၊ သောက်ရေသန့်ဘူး၊ အဝတ်အစား၊ ဆန်၊ ငါးသတ္တာဘူး၊ ဆီ၊ ခေါင်းအုံး၊ ဖျာ၊ စတီးချိုင့်၊ ထားဝယ်မြို့ စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ အဝတ်အထည်၊ မုန့်၊ ရေသန့်ဗူးကြီးများကို လည်းကောင်း၊ ထားဝယ်မြို့ ဆင်းရဲချို့တဲ့ ဘိုးဘွားစောင့်ရှောက်ရေးအဖွဲ့မှ အသင့်စား ခေါက်ဆွဲ ခြောက်၊ ဆန်၊ ဆီ၊ အဝတ်အထည်၊ ငါးသေတ္တာဘူး၊ ရေသန့်ဘူး၊ လက်ဖက်၊
ကလိန်အောင်မြို့ Desire Auto(works) မှ ဆန်၊ အသင့်စား ခေါက်ဆွဲ ခြောက်၊ စသည့် စေတနာရှင် အလှူရှင်များ၊ ပရဟိတလူမှုအဖွဲ့စည်းများ မှလည်း ထမင်းထုပ်၊ ရေသန့်ဘူးများ၊ (၈၈) မျိုးဆက်နှင့် ပွင့်လင်းလူငယ်အဖွဲ့မှ သောက်ရေသန့်နှင့် ထမင်းထုပ်တို့ကို လှူဒါန်း ပေးအပ်ကြရာ ကလိန်အောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မှ လက်ခံရယူလျက်ရှိပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

 

ထို့သို့ လှူဒါန်းထားသော ထောက်ပံ့ပစ္စည်းများကို ရေဘေးသင့်ပြည်သူ အိမ်ခြေ ၂၁၁၊ လူဦးရေ ၉၃၉ ဦးတို့အား ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများတို့က စနစ်တကျ လိုက်လံဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •