ရေဘေးကယ်ဆယ်ရေးအတွက် အသက်ကယ် ဖိုင်ဘာ စက်လှေတစ်စီး လာရောက်လှူဒါန်းပေးအပ် - ရေဘေးကယ်ဆယ်ရေးအတွက် အသက်ကယ် ဖိုင်ဘာ စက်လှေတစ်စီး လာရောက်လှူဒါန်းပေးအပ်

ရေဘေးကယ်ဆယ်ရေးအတွက် အသက်ကယ် ဖိုင်ဘာ စက်လှေတစ်စီး လာရောက်လှူဒါန်းပေးအပ်

Ministry of Information/ ​နေပြည်တော် / August 14, 2019
image_latest


ကမမောင်း ဩဂုတ် ၁၄

 

ကရင်ပြည်နယ်၊ ကမမောင်းမြို့၌ ရေဘေးအန္တရာယ်ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ယနေ့ နံနက်(၁၀)နာရီခွဲက ရန်ကုန်မြို့(ဇေကမ္ဘာစက်မှုဇုံ) ထူးမြတ်မြန်မာ ကုမ္ပဏီလီမိတက်မှ လူ(၁၅)ဦးဆံ့ SEMAS အမျိုးအစား အသက်ကယ် ဖိုင်ဘာ စက်တပ်လှေ အလျား(၂၁)ပေ၊ အနံ(၃)ပေ တစ်စီး၊ စက်အမျိုးအစား-KB.390၊ KENBO- 13.0 Hp၊ စုစုပေါင်း တန်ဖိုး ငွေကျပ်(၃၅)သိန်းကို ကုမ္ပဏီ ကိုယ်စားလှယ်တာဝန်ခံ ဦးမင်းဟိန်းက လာရောက်လှူဒါန်း ပေးအပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့သည်။

 

အဆိုပါ ဖိုင်ဘာစက်တပ်လှေအား ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကမမောင်းမြို့၊ နယ်မြေ မီးသတ်စခန်း၌ အပ်နှံပေးထားကြောင်း သိရှိရသည်။

 

ကမမောင်း(ပြန်/ဆက်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •