နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာသံအမတ်ကြီးနှင့် လူဇင်ဘတ် သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာသံအမတ်ကြီးနှင့် လူဇင်ဘတ် သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာသံအမတ်ကြီးနှင့် လူဇင်ဘတ် သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

Ministry of Information/ ​နေပြည်တော် / August 14, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၄

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကွာလာလမ်ပူမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာ သံအမတ်ကြီး Mr. Nikoloz Apkhazava အား ယနေ့မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ လူဇင်ဘတ်သံအမတ်ကြီး Mr. Jean-Paul Senninger အား ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ဂျော်ဂျီယာသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-ဂျော်ဂျီယာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

လူဇင်ဘတ်သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-လူဇင်ဘတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

(သတင်းစဉ်)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •