အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံ စီမံကိန်း၌ ကျေးရွာသားများ ဆန္ဒပြရာမှ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား - အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံ စီမံကိန်း၌ ကျေးရွာသားများ ဆန္ဒပြရာမှ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံ စီမံကိန်း၌ ကျေးရွာသားများ ဆန္ဒပြရာမှ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 16, 2019
image_latest


မန္တလေး မေ ၁၅

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာ၌ Alpha ဘိလပ်မြေ စက်ရုံစီမံကိန်းသို့ သွားရောက်သည့် အောင်သပြေ - သရက်ကိုင်း ကျေးရွာချင်းဆက်လမ်းအား ပိတ်ဆို့ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး စိုင်းလှထူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ဆန္ဒဖော်ထုတ်သည့်နေရာသို့ ရောက်ရှိပြီး ဝင်ရောက်ဖမ်းဆီးရာ ဆန္ဒဖော်ထုတ်သူများနှင့် အနီးရှိ အောင်သပြေကျေးရွာမှ ရွာသားများက ရဲတပ်ဖွဲ့ဝင်များအား လေးခွဖြင့် ပစ်ခတ်ခြင်း၊ တုတ်များဖြင့် ပြန်လည်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆန္ဒဖော်ထုတ်သူများသည် မူလဆန္ဒဖော်ထုတ်သည့်နေရာမှ အောင်သပြေကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး နံနက် ၅ နာရီခွဲခန့်တွင် အောင်သပြေကျေးရွာအနီးရှိ Alpha ဘိလပ်မြေစက်ရုံစီမံကိန်း စက်ရုံအလုပ်သမားများ နားနေဆောင်သို့ ရောက်ရှိကာ လုံခြုံရေးဂိတ်တဲနှင့် အတွင်းရှိ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်တို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၉ နာရီခန့်တွင် ဆန္ဒဖော်ထုတ် သူများက ထပ်မံ၍ အလုပ်သမား နားနေဆောင်နှင့် အခြားပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ သောကြောင့် မန္တလေးမြို့မှ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •