ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ICJ တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအရာရှိ ကျင့်ဝတ်နှင့် CEDAW စာချုပ်နှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ICJ တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအရာရှိ ကျင့်ဝတ်နှင့် CEDAW စာချုပ်နှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ICJ တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအရာရှိ ကျင့်ဝတ်နှင့် CEDAW စာချုပ်နှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ လွိုင်ကော် / March 15, 2019
image_latest


ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ICJ တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအရာရှိ ကျင့်ဝတ်နှင့် CEDAW စာချုပ်နှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လွိုင်ကော် မတ် ၁၅

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် International Commission of Jurists-ICJ တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအရာရှိကျင့်ဝတ်နှင့် CEDAW စာချုပ်နှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့ Hotel Empire ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဥပဒေချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် တရားစီရင်ရေးမဏ္ဍိုင်နှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍတွင် အဓိကပါဝင် ဆောင်ရွက်လျက်ရှိရာ ယင်းတာဝန်များကို အထောက် အကူပြု ပံ့ပိုးနိုင်ရန် ဥပဒေအရာရှိများအနေဖြင့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံရန် လိုအပ်သကဲ့သို့ ကျင့်ဝတ်ကို ကောင်းစွာသဘောပေါက်နားလည်ရန်လိုကြောင်း၊ ဥပဒေပညာကို ကောင်းစွာ တတ်ကျွမ်းပြီး ပြည်သူကို အကျိုးပြုရန် ဥပဒေနှင့်အညီ ပြည်သူဘက်က ရပ်တည်ပြီး ပြည်သူ့ဘက်တော်သား ဖြစ်ရန် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုအတွက် ဆောင်ရွက်ရာတွင် ဥပဒေအရာရှိကျင့်ဝတ်ကို မြဲမြံစွာ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်နယ် အတွင်းရှိ ဥပဒေ အရာရှိ(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖိုးရယ်(ဘောလခဲ)

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •