ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း International IDEA Regional Director (Asia and Pacific) Ms. Leena Rikkila Tamang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ - ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း International IDEA Regional Director (Asia and Pacific) Ms. Leena Rikkila Tamang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း International IDEA Regional Director (Asia and Pacific) Ms. Leena Rikkila Tamang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Ministry of Information/ ​နေပြည်တော် / May 16, 2019
image_latest


နေပြည်တော် မေ ၁၅

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် International IDEA (International Institute for Democracy and Electoral Assistance) ၏ Regional Director (Asia and Pacific) Ms.Leena Rikkila Tamang နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရုံး ဧည့်တွေ့ ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် International IDEA မှ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် STEP Democracy အစီအစဉ် အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ အကြံပြု ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက် နေမှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •