ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ ဒုတိယအကြိမ် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် လေ့ကျင့် သင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ ဒုတိယအကြိမ် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် လေ့ကျင့် သင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ ဒုတိယအကြိမ် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် လေ့ကျင့် သင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်/ နေပြည်တော် / May 16, 2019


ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ ဒုတိယအကြိမ် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀)နာရီတွင် နေပြည်တော် PARK ROYAL ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ချမှတ်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ကြိုဆိုအမှာစကား ပြေကြားခဲ့သည်။

​​​​​​​         

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း၏ မဟာဗျူဟာရည်မှန်းချက် နှင့်အညီ အငြင်းပွားမှုများကို တရားရုံးက ထိရောက်မြန်ဆန်စွာ ဖြေရှင်းပေးသောစနစ်များကို သတ်မှတ်ဆောင်ရွက်ရန် တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် စမ်းသပ်အစီအစဉ် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အလုပ်ရုံဆွေး‌နွေးပွဲသည် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်သည်။ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံမှ ကျွမ်းကျင်သူ Prof. YOSHINO Takayoshi က ဦးဆောင်၍ စေ့စပ်ဖြေရှင်းရေး လက်တွေ့ဆောင်ရွက်ရာတွင် ပေါ်ပေါက်သည့်ကိစ္စရပ်များ၊ စေ့စပ်ဖြေရှင်းရေးအရာရှိများအား လေ့ကျင့်သင်ကြားခြင်းနှင့် လုပ်ငန်းအဖွဲ့နှင့် JICA တို့ ပူးပေါင်းရေးသားပြုစုခဲ့သည့် စေ့စပ်ဖြေရှင်းရေးအရာရှိလက်စွဲမူကြမ်းတို့အပေါ် ဆွေးနွေးသွားမည်ဖြစ်သည်။

​​​​​​​         

အလုပ်ရုံဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ တိုင်းဒေသကြီးတရားရေးဦးစီးမှူးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ တရားရေးအရာရှိများ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြပြီး ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •