သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုသံမှူး Mr. Tian Shantingအား လက်ခံတွေ့ဆုံ - သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုသံမှူး Mr. Tian Shantingအား လက်ခံတွေ့ဆုံ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုသံမှူး Mr. Tian Shantingအား လက်ခံတွေ့ဆုံ

Ministry of Religious Affairs & Culture/ နေပြည်တော် ဇန်နဝါရီလ( ၁၁ ) ရက် / January 11, 2019


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုသံမှူး Mr. Tian Shanting အား ယနေ့နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မနိုင်ငံသံရုံးမှ ကြီးမှူး၍ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်မည့် “Gala Show Paukphaw Carnival of Happy Chinese New Year 2019” တွင် နှစ်နိုင်ငံယဉ်ကျေးမှုအကများဖြင့် ပူးပေါင်းဖျော်ဖြေရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့အကြား လက်ရှိ ပူးပေါင်းဆောင် ရွက်လျက်ရှိသော ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို အနာဂတ်တွင် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေးနှင့် ပညာသင်များစေ လွှတ်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •