ရွှေသံလွင်ကုမ္ပဏီလီမီတက် Sky Net မိသားစု၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားကျင်းပ - ရွှေသံလွင်ကုမ္ပဏီလီမီတက် Sky Net မိသားစု၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရွှေသံလွင်ကုမ္ပဏီလီမီတက် Sky Net မိသားစု၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / April 13, 2019
image_latest


နေပြည်တော် ဧပြီ ၁၃

ရွှေသံလွင်ကုမ္ပဏီလီမီတက် Sky Net မိသားစု၏ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ရေကစား မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Sky Net ရေကစားမဏ္ဍပ်၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် နှင့် ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များနှင့် သင်္ကြန်ချစ်သူပြည် သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် သူရဦးအောင်ကို၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ရွှေသံလွင်ကုမ္ပဏီလီမီတက်  နာယက ဒေါက်တာ ဒေါ်နီနီနှင့် ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ဝင်း တို့က မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့သည် တိုင်းရင်းသား ရိုးရာအကအဖွဲ့များနှင့် အနုပညာရှင်များကို အတာရေများဖြင့် ပက်ဖြန်းပေး ကြပြီး တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ရွှေသံလွင်ကုမ္ပဏီ လီမိတက် SkyNet မိသားစု၏ စတုဒီသာမဏ္ဍပ်၌ အစားအသောက်များ ချက်ပြုတ်နေမှုနှင့် ပြည်သူများလာရောက် စားသုံးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

နေပြည်တော်ဟိုတယ်ဇုန်ရှိ Sky Net ရေကစားမဏ္ဍပ်တွင် နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၏ တေးသီချင်းသီဆိုမှုများနှင့်အတူ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည့် သင်္ကြန် ချစ်သူပြည်သူများနှင့် စည်ကားလျက်ရှိသည်။

သတင်း - မျိုးသူဟိန်း၊
ဓာတ်ပုံ - ကိုကိုလေး၊ ကျော်ရဲဆွေ။

 

အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •