တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းစစ် နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Yuan Yubai နှင့် တွေ့ဆုံဆွေးနွေး - တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းစစ် နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Yuan Yubai နှင့် တွေ့ဆုံဆွေးနွေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းစစ် နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Yuan Yubai နှင့် တွေ့ဆုံဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန/ တရုတ် / April 13, 2019
image_latest


နေပြည်တော် ဧပြီ ၁၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကွေ့ယန်းလေ ဆိပ်မှ ထွက်ခွာကြပြီး ကွမ်ကျိုးမြို့ရှိ Baiyuan လေဆိပ်သို့ရောက်ရှိကြရာ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Maj. Gen. Tao Guang နှင့် တပ်မတော်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တောင်ပိုင်း စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Yuan Yubai နှင့် တွေ့ဆုံဆွေးနွေးသည်။

▲အမြင်ချင်းဖလှယ်ဆွေးနွေး▲

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေ၊ နယ်စပ်ဒေသ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေနှင့် တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု၊ အားကစားနှင့် ကျန်းမာရေးကဏ္ဍများ၊ အခြားပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအား တိုးမြှင့်၍ ချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိအောင် ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူးက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့ရှိ Baiyuan လေဆိပ်မှ ပြန်လည်ထွက်ခွာကြပြီး နေပြည်တော် လေဆိပ်သို့ရောက်ရှိကြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •