Channel K Grand Launch ဖွင့်ပွဲအခမ်းအနား ကျင်းပ - Channel K Grand Launch ဖွင့်ပွဲအခမ်းအနား ကျင်းပ

Channel K Grand Launch ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ ​ရန်ကုန် / April 13, 2019
image_latest


ရန်ကုန် ဧပြီ ၁၂

Channel K Grand Launch ဖွင့်ပွဲအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ရှိ မြကျွန်းသာ ဥယျာဉ်၌ ကျင်းပသည်။

▲ဖဲကြိုးဖြတ်ဖွင့်လှစ်▲

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ KMA Group Of Companies ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက Channel K ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

ထို့နောက် Channel K Grand Launch ဖွင့်ပွဲအစီအစဉ်အဖြစ် အရိပ်များဖြင့် သရုပ်ဖော်တင်ဆက်မှု အစီအစဉ်နှင့် ရှုမောသာယာ မြကျွန်းသာ Vedio Clip တို့ကို တင်ဆက်ပြသသည်။

▲ဝမ်းမြောက်ဝမ်းသာဖြစ်▲

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က Channel K ရုပ်သံ လိုင်း ဖွင့်ပွဲနှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် အစိုးရမီဒီယာလုပ်ငန်းများ လုပ်ကိုင်သကဲ့သို့ ပုဂ္ဂလိက မီဒီယာများ ဖွံ့ဖြိုး ရှင်သန်ရေးကိုလည်း လုပ်ကိုင်ရပါ ကြောင်း၊ ပုဂ္ဂလိက မီဒီယာဆိုရာတွင် ပုံနှိပ်မီဒီယာ များနှင့် ရုပ်သံမီဒီယာများ ပါဝင်ပါကြောင်း၊ ရုပ်သံပိုင်းမှာ ယခင်အစိုးရ လက်ထက်က ရွှေသံလွင်နှင့် Forever ကုမ္ပဏီများက လုပ်ကိုင်ခွင့်ရခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် နောက်ထပ်လုပ်ကိုင်ချင်သူများ လုပ်ကိုင်ခွင့်ရအောင် စီစဉ်ခဲ့ပါကြောင်း၊ ယင်းမှာ မြန်မာ့ရုပ်မြင် သံကြားနှင့် Multi - Channel Play out System ၏ DVB T-2 စနစ်ဖြင့် ထုတ်လွှင့်နေသည့် ရုပ်သံလိုင်းများထဲတွင် ပုဂ္ဂလိကများအတွက် ရုပ်သံလိုင်း အသစ်ငါးခု နေရာချထားပေးခြင်းဖြစ်ပါ ကြောင်း၊ နေရာမှာ ငါးဦးအတွက်သာရှိပြီး ရုပ်သံလုပ်ငန်း လုပ်ကိုင်လိုသူအရေအတွက် အများအပြား ရှိနေသည့်အတွက် စနစ်တကျ ရွေးချယ်နိုင်ရန် ရွေးချယ်ရေး ကုမ္ပဏီတစ်ခုကို အပ်နှံပြီး လုပ်ငန်း အဆင့်ဆင့်ဖြင့် ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင် နိုင်ရန်အတွက် ကနဦးတင်ပြသူ ၄၂ ဦး ရှိသည့်အနက် ငါးဦးကို ရွေးချယ်ခဲ့ရပြီး အသီးသီးက ရုပ်သံများ ထုတ်လွှင့်နေပြီဖြစ်ပါကြောင်း၊ Channel K မှာ ပြီးခဲ့သည့် နိုဝင်ဘာလ တွင် စတင်စမ်းသပ် ထုတ်လွှင့်ခဲ့ကြောင်း သိရပြီး ယနေ့တွင် ရုပ်သံလိုင်း ဖွင့်လှစ် သည့်အစီအစဉ်ကိုတခမ်းတနား ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယင်းအတွက် Channel K ၏ ဦးဆောင်ပုဂ္ဂိုလ်များနှင့် အဖွဲ့သားများနှင့် အတူမိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း။

▲ရွေးချယ်စရာ ပိုမိုများပြား▲

ရုပ်သံလိုင်းများ ပေါ်ပေါက်လာခြင်းကြောင့် ရုပ်သံလုပ်ငန်းလောကတွင် ပြိုင်ဆိုင်မှုများ ရှိလာမည်ဖြစ်ပါကြောင်း၊ ပြိုင်ဆိုင်မှု ရှိလာသည့်အခါ စီးပွားရေးလောက၏ သဘာ၀ အရ အောင်မြင်သူ၊ ရှုံးနိမ့်သူများ ရှိလာလိမ့်မည်ဖြစ်ပါကြောင်း၊ သို့သော် တစ်ဖက် တွင် သူ့ထက်ငါ ပိုကောင်းအောင် ယှဉ်ပြိုင်ရင်း ရုပ်သံအစီအစဉ် ထုတ်လုပ်မှုများ တိုးတက်ကောင်းမွန်လာပြီး ပရိသတ်အတွက် ရွေးချယ်စရာ ပိုမိုများပြားလာမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် KMA Group Of Companies ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က ဂုဏ်ပြုအမှာစကား ပြောကြားကြ သည်။

▲ဖျော်ဖြေတင်ဆက်▲

ယင်းနောက် Channel K ၏ Theme Song အား Brand Ambassador များက ထူးခြားသော တင်ဆက်မှုများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြို့ရွှေမန်းသားလေး ဖိုးချစ်နှင့်အဖွဲ့၏ သင်္ကြန်ကျပြီ အစီအစဉ် ဖျော်ဖြေတင်ဆက်ခြင်း၊ ရုပ်ရှင်ခေတ်ပြောင်း ကာလအား ဂီတကဗျာအဖွဲ့နှင့်အတူ အနုပညာရှင်များက တင်ဆက်ခြင်း၊ ဦးမျိုးမင်းနှင့်အဖွဲ့၏ သင်္ကြန်ကျပြီ သံချပ်အစီအစဉ်၊ အနုပညာရှင်များဖြစ်ကြသည့် နီနီခင်ဇော်၊ စိုးပြည့်သဇင်၊ ဖြူဖြူကျော်သိန်း၊ စိုင်းစိုင်းခမ်းလှိုင်တို့က တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရုပ်ရှင်သရုပ်ဆောင် တေးသံရှင် ရန်အောင်က ရွှေပြည်သင်္ကြန်ဖြင့် ဖျော်ဖြေတင်ဆက်သည်။

ယနေ့ ကျင်းပသည့် Channel K Grand Launch ဖွင့်ပွဲအခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ ရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ တက်ရောက် ကြသည်။

သတင်းစဉ်

အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •