e-Commerce for Trade Negotiators အလုပ်ရုံဆွေးနွေးပွဲကျင်းပ - e-Commerce for Trade Negotiators အလုပ်ရုံဆွေးနွေးပွဲကျင်းပ

e-Commerce for Trade Negotiators အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Ministry of Information/ ​နေပြည်တော် / July 12, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၁

 

အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ ပါ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံမှ အခြားအာဆီယံနိုင်ငံများနှင့် လိုက်ပါ အကောင်အထည် ဖော်ဆောင်ရာတွင် အထောက်အကူ ပြုပေးနိုင်ရန်အတွက် e-Commerce for Trade Negotiators အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အကျိုးကျေးဇူးများစွာ ရရှိစေနိုင်

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ယနေ့ဆွေးနွေးပွဲသည် အာဆီယံဒေသတွင်းနှင့် မြန်မာနိုင်ငံတို့တွင် Digital နည်းပညာနှင့် e-Commerce ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် e-Commerce ၏ အခန်းကဏ္ဍကို မြှင့်တင်သွားနိုင်ရေး၊ Cross Border e-Commerce လုပ်ငန်းစဉ်များနှင့် အာဆီယံ ဒေသတွင်း ပေါင်းစည်းဆောင်ရွက်မှုများ မြှင့်တင်သွားနိုင်ရေးတို့ကို အထောက်အကူ ပြုနိုင်မည့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သော ဆွေးနွေးပွဲတစ်ခုဖြစ်သည်ဟု ယုံကြည်ပါကြောင်း။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ Digital Economy ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်ပြီး အာဆီယံဒေသတွင်း လုပ်ငန်းစဉ် များဖြစ်သည့် The Regional Comprehensive Economic Partnership (RCEP) နှင့် ASEAN Coordinating Committee on E-Commerce (ACCEC) အစီအစဉ်များတွင် အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်း၌ လည်း Digital Economy Development Committee (DEDC) တွင် ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း။

 

တာဝန်ယူဆောင်ရွက်လျက်ရှိ

 

အာဆီယံ စီးပွားရေးအသိုက်အဝန်း (ACE) ၂၀၁၅ အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တစ်ခုဖြစ်သည့် the ICT and e-Commerce Working Committee ကိုလည်း တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

 

ပူးပေါင်းကျင်းပ

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် United Nations Conference on Trade and Development (UNCTAD) နှင့် အာဆီယံနှင့် အရှေ့စီးပွားရေး သုတေသနဌာန (Economic Research Institute for ASEAN and East Asia - ERIA) တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။

 

ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ UNCTA ၊ ERIA နှင့် ပုဂ္ဂလိက အဖွဲ့အစည်း များမှ တာဝန်ရှိသူများက ကမ္ဘာလုံးဆိုင်ရာ၊ အာဆီယံ ဒေသတွင်းဆိုင်ရာနှင့် မြန်မာနိုင်ငံ တွင် ဒီဂျစ်တယ်နည်းပညာနှင့် e-Commerce ဖွံ့ဖြိုးတိုးတက် လာစေရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် e-Commerce ၏ အခန်းကဏ္ဍ၊ Cross Border e-Commerce နှင့် ဒေသတွင်း ပေါင်းစည်းမှုတို့ကို မြှင့်တင်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

သတင်းစဉ်

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •