အများပြည်သူဝန်ဆောင်မှုရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ မီဒီယာကဏ္ဍဆွေးနွေးပွဲ ကျင်းပ - အများပြည်သူဝန်ဆောင်မှုရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ မီဒီယာကဏ္ဍဆွေးနွေးပွဲ ကျင်းပ

အများပြည်သူဝန်ဆောင်မှုရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ မီဒီယာကဏ္ဍဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 07, 2018


နေပြည်တော် ဒီဇင်ဘာ ၆

“အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းသည် မြန်မာနိုင်ငံ အတွက် အခွင့်ထူး တစ်ရပ် ဖြစ်ပါသ လား”ခေါင်းစဉ်ဖြင့် အများပြည်သူဝန်ဆောင်မှု ရုပ်သံ ထုတ်လွှင့်ခြင်းဆိုင်ရာ မီဒီယာကဏ္ ဍဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ လွှတ်တော်ကိုယ် စားလှယ်များ၊ DW Akademie မှ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ မီဒီယာကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ကြ သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် ယခင်က နိုင်ငံပိုင် သတင်းစာ၊ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့သာ ရှိခဲ့ရာမှ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဆောင်ရွက်သည့်အခါ ပုဂ္ဂလိကပိုင် မီဒီယာများ စတင် ပေါ်ပေါက်လာခဲ့မှု၊ ယခုကဲ့သို့ ရုပ်သံနှင့် ရေဒီယိုအစီအစဉ်များကို ပုဂ္ဂလိက ကဏ္ဍသို့ လုပ်ကိုင်ခွင့်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများ လိုအပ်လာမှု၊ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ပြည့်ပြည့်စုံစုံ မရှိသေးသည့်အတွက် လုပ်ငန်းများ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးမှု၊ ရသမျှအခြေအနေနှင့် ဆောင်ရွက်သည့်အနေဖြင့် DW Akademie နှင့် ပူးပေါင်း၍ Community Radio အစီအစဉ်တစ်ခုကို စမ်းသပ်ထုတ်လွှင့်နေမှု၊ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သည့် နိုင်ငံပိုင်မီဒီယာများကို Public Service Media ကူးပြောင်းရေးအတွက် ဆောင်ရွက်ရာတွင် စဉ်းစားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာရှိမှု၊ နိုင်ငံပိုင် ရုပ်သံမီဒီယာ MRTV ကို Public Service Broadcaster အဖြစ် ပြောင်းလဲမလား သို့မဟုတ် Public Service Broadcaster နှင့် State Broadcaster များအဖြစ် သီးခြားတည်ရှိမလား၊ ထို့ကဲ့သို့ ထားရှိပါက ဥပဒေပိုင်းဆိုင်ရာတွင် မည်ကဲ့သို့ ဆောင်ရွက်သွား မည်၊ ရန်ပုံငွေကို မည်သို့ ဆောင်ရွက် ထားရှိမည်၊ မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်မည် စသည့် အချက်များစွာ စဉ်းစားဆောင်ရွက်ရန် လိုအပ်မှုနှင့် ယနေ့ ဆွေးနွေးပွဲတွင် အထက်ပါလိုအပ်ချက် ရှိနေသည့် အနေ အထားကို ကျော်လွှားနိုင်အောင် ဆွေးနွေးပေးကြရန် ပြောကြားသည်။

အလားတူ DW Akademie မှ Head of Department Mr.Michael Karhausen ကလည်း အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနား တက်ရောက် လာကြသူများသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ အများပြည်သူ ဝန်ဆောင်မှုအတွက် ဖြစ်နိုင်ချေရှိသော ခြေလှမ်း၊ အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ အဖွဲ့ အစည်း၊ အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ရန်ပုံငွေ၊ အများပြည်သူဝန်ဆောင်မှု ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်ခြင်းသို့ အသွင်ကူးပြောင်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် နည်းလမ်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေး ကြသည်။

ယနေ့ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် DW Akademie တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ဆွေးနွေးပွဲတွင် DW Akademie မှ အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Hendrik Bussiek ၊ Thai PSB မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Anupong Chaiyariti ၊ မွန်ဂိုလီးယားအများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ် လွှင့်ရေးလုပ်ငန်းမှ စီမံရေးရာ ညွှန်ကြားရေးမှူး Dr. Batzorig Tovuu တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

အထူးသတင်း
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ
  •           
  • ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း MYPOL မှ Dr. Albrecht Schnabel အား တွေ့ဆုံ
  •           
  • ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှူးမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီးမှု
  •