ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခြင်း - ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခြင်း

ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခြင်း

မွန်ပြည်နယ်အစိုးရအဖွဲ့/ မော်လမြိုင်မြို့ / May 16, 2019


၂၀၁၉ ခုနှစ်၊မေလ ၁၆ ရက်နေ့၊ နေ့လယ် (၁၄၀၀) နာရီအချိန်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနစ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် နွေရာသီဖိတ်ခေါ် ဘတ်စကက်ဘော ပြိုင်ပွဲ တွင် အောင်ပွဲရ အသက် (၁၉) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော အသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိ၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ဦးခင်မောင်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် လွှတ်​​​​​​​တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ဘတ်စကက် ဘောအသင်းမှ အုပ်ချုပ်သူ၊ နည်းပြ၊ အဖွဲ့ဝင်များ၊ အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောအသင်းတို့မှ အားကစားသမားများအား တစ်ဦးချင်းစီ မိတ်ဆက်၍ ပထမဆုရရှိ သည့် အသက် (၁၉) နှစ်အောက် အမျိုးသမီး ဘတ်စကက်ဘောအသင်းမှ တံခွန်စိုက်ဖလားဆုအား မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ အပ်နှံပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံမှ အဖွင့်အမှာ စကား ပြောကြားရာတွင် မွန်ပြည်နယ်ဂုဏ်ကို အားကစားနှင့်မြှင့်တင်စွမ်းဆောင်ခဲ့ကြတဲ့ အောင်ပွဲရ အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘော အားကစားသမားများကို မွန်ပြည်နယ် ပြည်သူလူထု ကိုယ်စား ဂုဏ်ပြုချီးမြှင့်ပေးသည့် အခမ်းအနားဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင် မှုနှင့်အတူ ပြည်နယ် အားကစား နှင့်ကာယပညာကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အားကစား ဆပ်ကော်မတီဝင်များက တက်ကြွစွာ လုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သလို အဓိကကျသည့် အားကစား သမားများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ် အပြည့်နဲ့ယှဉ်ပြိုင်ခဲ့၍ ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိပြီး တံခွန်စိုက်ဒိုင်းဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် ကြောင်း။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တစ်ခုလုံးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူနဲ့ အတူ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍကိုလည်း တိုးတက် မြင့်မားလာစေရေး အထူးအလေးထား ပံ့ပိုးဆောင်ရွက်လျက်ရှိပြီး မွန်ပြည်နယ်၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အခြေခံကျသည့် ကျေးရွာ/ရပ်ကွက် အားကစားပြိုင်ပွဲ များ၊ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပနေသလို ကျောင်းသား အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အားကစားသင်တန်းများဖွင့်လှစ်ပေးခြင်း၊ သင်တန်းများ စေလွှတ်ခြင်းနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခြင်း တို့အပြင် အားကစားအသိ ပညာပေးဟောပြောပွဲများကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်းအပြင် မွန်ပြည်နယ် (၁၀)မြို့နယ်တွင် အားကစားကွင်းများကို အဆင့်မြှင့်တင်ပေးခြင်း၊ အဆင့် မီအားကစားရုံတွေကို အသစ်တည်ဆောက်ပေးခြင်း အစရှိသည့် အားကစား ကဏ္ဍအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအချိန်တွင် အားကစားသမားများ ရာသီမရွေးလေ့ကျင့်နိုင်ပြီး ပြည်သူများ ကျန်းမာရေးအတွက်လည်း ကိုယ်လက်လှုပ်ရှား အားကစား ကို စိတ်ချမ်းသာပျော်ရွှင်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် မွန်ပြည်နယ်ကို ကိုယ်စားပြုပြီး မွန်ပြည်နယ်အတွက် အောင်မြင်မှုတွေနှင့်အတူ ဆုဖလား၊ ဆုတံဆိပ်များ ယူဆောင်ပေးခဲ့ကြသည့် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ အားလုံးကို မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထုကိုယ်စား ချီးကျူးဂုဏ်ပြု ပါကြောင်း၊ ရှေ့ဆက်ပြီး ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိကာ မွန်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်အောင် ကြိုးစား လေ့ကျင့် သွားကြပါ၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများဖြစ်ရန်လည်း စွမ်းစွမ်းတမံ ကြိုးစား သွားကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း  ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော အသင်း အဖွဲ့ခေါင်းဆောင်မှ ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းတင်ပြ၍ အမျိုးသမီး ဘတ်စ ကဘော ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆု ရရှိသည့် မပိုးအိဖွေးအား မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် အမျိုးသား ဘတ်စကက်ဘော အသင်းအား မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိမှ လည်းကောင်း၊ မွန်ပြည်နယ် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောအသင်းနှင့် ပထမဆုရရှိသည့် အမျိုးသမီး ဘတ်စကက်ဘောအသင်းအား မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံမှ လည်းကောင်း၊ ဂုဏ်ပြု ဆုငွေများ အသီးသီးချီးမြှင့်၍ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။


   

အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •