မိုဘိုင်းလ်ဆက်သွယ်ရေးတာဝါများနှင့် သင့်ကျန်းမာရေး

Ministry of Transport and Communications | Jan 27, 2020

ဝါဖလေ

နိုင်ငံတကာလူ့အဖွဲ့အစည်းများမှ International Agency for search on Cancer (IARC) မှ အများ ပြည်သူကိုင်တွယ်နေသော မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများသည် ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းတွင် ဖြစ်ပွားတတ် သော ကင်ဆာတို့၏ဆက်စပ်မှုကို သုတေသနများပြု၍ အသေးစိတ်ဆန်းစစ်လေ့လာရာတွင် မိုဘိုင်းလ်ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုသူလူအများ၏ (၁၀ %) တွင် ဦးနှောက်တွင်းဖြစ်သော အလုံးအကြိတ်များဖြစ်သည့် Giloma ဖြစ်နိုင်ချေမြင့်မားကြောင်းကို လေ့လာဆန်းသစ်မှုများအရတွေ့ရှိရသော်လည်း ခိုင်မာသော အထောက် အထားများမတွေ့ရှိရကြောင်း သိရှိရသည်။

ထို့အပြင် သုတေသနပြုစမ်းသပ်ချက်များအရ တာဝါများမှထွက်ရှိသည့် လျှပ်စစ်သံလိုက်လှိုင်းသည် လူသားများတွင် ကင်ဆာဖြစ်နိုင် ချေရှိသည့် (possibly carcinogenic to humans) အုပ်စု (Group 2B) တွင် ပါဝင်သည်ဟု IARC က သတ်မှတ်ခဲ့သော်လည်း သတ်မှတ်စံနှုန်း ပမာဏထက် ကျော်လွန်ခြင်းမရှိသောလျှပ်စစ်သံလိုက်လှိုင်းများနှင့် ထိတွေ့မှုများသောကြောင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း အထောက်အထားများ တွေ့ရှိရခြင်းမရှိကြောင်း သိရသည်။

ဈေး၊ ကျောင်း၊ ဆေးရုံနှင့် သာသနာရေးအဆောက် အအုံများအတွက် လူအများစုဝေးရာနေရာများတွင် လျှပ်စစ်သံလိုက်စက်ကွင်း EMF ပမာဏ မည်မျှရှိသည်ကို နိုင်ငံတကာအသိအမှတ်ပြုစက်များဖြင့် တိုင်းတာလျက်ရှိသည်။ တစ်ဦးချင်းအနေနှင့် လျှပ်စစ်သံလိုက်စက်ကွင်း EMF ပမာဏမြင့်တက်နေကြောင်း အထောက်အထားတစ်ခုခုအရ တိုင်းတာပေးရန် တင်ပြလာလျှင် ဆောင်ရွက်ပေးနိုင်ရန်စီစဉ်ထားသည်။

နိုင်ငံတကာသုတေသနပြု လေ့လာတွေ့ရှိချက်များအရ လျှပ်စစ်သံလိုက်လှိုင်းများနှင့် ပတ်သက်၍ လူတို့ခံစားရသည်ဟုပြောသော လက္ခဏာများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ပျို့အန်ခြင်း၊ လိင်စိတ်နည်းပါးခြင်း၊ အားနည်းခြင်းများသည်
လျှပ်စစ်သံလိုက်လှိုင်းများနှင့် ထိတွေ့ဆက်စပ်မှုရှိကြောင်း အထောက်အထားမပြနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သားပျက်သားလျှောဖြစ်ခြင်း၊ သန္ဓေသား၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပုံသဏ္ဍာန်မမှန်မှုဖြစ်ခြင်း၊ ကိုယ်အလေးချိန်မပြည့် သောကလေးများ မွေးဖွားခြင်း၊ မွေးရာပါရောဂါရှိသောကလေးများ မွေးဖွားခြင်းများ ပိုမိုဖြစ်ပေါ်နိုင်ကြောင်း အထောက်အထားများကို မတွေ့ရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

တာဝါတွင်ရှိသော အင်တန်နာမှလွဲ၍ တာဝါ၏ ကိုယ်ထည်မှ ရေဒီယိုလှိုင်းထုတ်လွှင့်ခြင်းမရှိပါ။ တာဝါတွင် တပ်ဆင်ထားသော အင်တန်နာများသည် မျက်နှာမူရာအရပ်ကိုသာ ထုတ်လွှင့်သဖြင့် တာဝါအောက်ခြေတွင် လျှပ်စစ်သံလိုက်စက်ကွင်း (EMF)များသက်ရောက်မှု
အနည်းဆုံးဖြစ်သဖြင့် အန္တရာယ်အနည်းဆုံးနေရာဖြစ်သည်။

တာဝါများရှိ အင်တန်နာများမှ ရေဒီယိုလှိုင်းများသည် အလွန်အားနည်းသည့်အတွက် ကျန်းမာရေးထိခိုက်နိုင်ဖွယ်ရှိသည့် အထောက် အထား တွေ့ရှိရခြင်းမရှိဟု သိပ္ပံပညာရှင်များက တညီတညွတ်တည်း ယေဘုယျ သဘောတူညီကြသည်။

မိုဘိုင်းလ်ဖုန်းအား နားဖြင့်ကပ်၍ပြောဆိုရာတွင် ခေတ္တခဏသုံးစွဲပါက ပြဿနာမရှိသော်လည်း (၁၅)မိနစ် ထက်ကျော်လွန်၍ အချိန်ကြာမြင့်စွာသုံးစွဲမည်ဆိုပါက ရေဒီယိုလှိုင်းထိတွေ့မှုများရှိနိုင်သည်။ ထို့ကြောင့် ယင်းပမာဏလျှော့ချနိုင်ရန် နားကြပ်အသုံးပြုခြင်း(သို့)
ဖုန်းကို နားမှ အနည်းအငယ်ခွာ၍ အသုံးပြုနိုင်သည်။

ထို့အပြင် မိုဘိုင်းလ်ဖုန်းဖြင့် Internet အသုံးပြုရန် Wifi Hotspots ဖွင့်ထားစဉ်တွင် ဖုန်းပြောခြင်းကို ရှောင်ကြဉ်ရမည်။ ညအချိန် အိပ်စက်အနားယူရာတွင် ဖုန်းကိုအိပ်ယာတွင် ထားရှိခြင်းမပြုဘဲ ခန္ဓာကိုယ်နှင့် ဝေးရာတွင်သာ ထားသင့်သည်။

တာဝါတိုင်များတွင် တပ်ဆင်ထားသည့် မိုးကြိုးလွှဲများသည် သာမန်အဆောက်အဦများတွင် ဆင်ထားသော မိုးကြိုးလွှဲများ ထက်ပိုမိုကောင်းမွန်သည်။ မိုးကြိုးပစ်လျှင် (၃၀) ဒီဂရီဝန်းကျင်က Cone of Silence ဟု သတ်မှတ်ထားခြင်းကြောင့် တာဝါရှိခြင်းအားဖြင့် မိုး ကြိုးပစ်ခြင်းမှ ကာကွယ်ပေးရာရောက်သည်။

ပြည်သူများတွင် မလိုလားအပ်သော ကျန်းမာရေး အန္တရာယ်မဖြစ်ပေါ်စေရန် ရေဒီယိုစခန်း (BTS) များ အတွက် တာဝါတိုင်အသစ်များ တိုးချဲ့တည်ဆောက်ခြင်းများကို နိုင်ငံတကာသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့် အညီသာ စနစ်တကျတည်ဆောက်စေသည်။ အသုံးပြုမည့် ဆက်သွယ်ရေးစက်ပစ္စည်းများကိုလည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ တင်သွင်း အသုံးပြုခွင့်ပေးလျက်ရှိသည်။

ထို့အပြင် တည်ဆောက်ပြီးစခန်းများကိုလည်း သတ်မှတ်ချက်များအတွင်း အမှန်တကယ် ရှိ/မရှိ ကွင်းဆင်းတိုင်းတာမှုများကို ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်ပြီးတာဝါများမှ ထုတ်လွှင့်သောလျှပ်စစ်သံလိုက် စက်ကွင်းပမာဏ (EMF) ကိုလည်းကောင်း International Commission on Non-Ionizing Radiation Protection (ICNIRP) စံသတ်မှတ်ချက်အရ ၂၀၁၅ ခုနှစ်
နှင့် ၂၀၁၉ ခုနှစ်များတွင် အများပြည်သူဆိုင်ရာနေရာများ (Public Area) နှင့် တာဝါတိုင်များတွင် တိုင်းတာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ လုံခြုံစိတ်ချရသော Safety Level အတွင်းမှာသာရှိကြောင်း တွေ့ရှိရသည်။

ရေဒီယိုသံလိုက်လှိုင်းဆိုသည်မှာ လျှပ်စစ်သံလိုက် လှိုင်းဖြစ်သည်။ အလင်းရောင်သည်လည်း လျှပ်စစ် သံလိုက်လှိုင်းဖြစ်သည်။ အသံနှင့် အချက်အလက်ဆိုင် ရာဆက်သွယ်မှုများကို ရေဒီယိုလှိုင်းများမှတစ်ဆင့် သယ်ဆောင်၍ ဆက်သွယ်ရေးအခြေစိုက်စခန်းရှိ တာဝါတွင်တည် ရှိသော အင်တန်နာများမှ လက်ခံပို့လွှတ်သည်။ ထုတ်လွှင့်သည့်နေရာအနီးမှ လျှပ်စစ်သံလိုက်လှိုင်းများကို လျှပ်စစ်သံလိုက်စက်ကွင်း (Electromagnetic Field (EMF)) ဟုခေါ်ကြသည်။ ရေဒီယိုလှိုင်းများမှ လေထုကိုဖြတ်သန်း၍ အားပျော့သော EMF တစ်ခုကိုဖြစ် ပေါ်စေသည်။

EMF များသည် သဘာဝအလျှောက်ဖြစ်ပေါ်နိုင်သော နေ့စဉ်ကြုံတွေ့ရသည့် အရာတစ်ခုပင်ဖြစ်သည်။ အားပျော့သော EMF များကို နေကဲ့သို့သော သဘာဝအကြောင်းတရားများအပြင် ရေဒီယိုနှင့် တီဗွီထုတ်လွှင့်မှုများအပါအဝင် လူသားများအသုံးပြုသည့် အကြောင်း အရာများမှလည်း ထုတ်လွှင့်သည်။ ထို့ကြောင့် လူမှုဝန်းကျင်တွင် အသွင်မျိုးစုံနှင့် လျှပ်စစ်လှိုင်း၊ သံလိုက်လှိုင်း၊ လျှပ်စစ်သံလိုက်လှိုင်း၊ EMF အနည်းနှင့်အများရှိသည်။

မိုဘိုင်းလ်ဖုန်းတစ်လုံး၏ လူ့ကျန်းမာရေးအပေါ် အန္တရာယ်ကင်းရှင်းမှုကို မိမိဖုန်း၏ SAR (Specific Absorption Rate) ကိုကြည့် ၍သိနိုင်သည်။ ရေဒီယို လှိုင်းများနှင့် ထိတွေ့သည့်အခါ လူ့ခန္ဓာကိုယ်တစ်ရှူးများက ယင်းလှိုင်းများမှစွမ်းအင်ကို စုပ်ယူကြသည့်အတွက် ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းဖြစ်ပေါ်လာသည်။ ခန္ဓာကိုယ်မှ စွမ်းအင်စုပ်ယူသည့်ပမာဏကို တိုင်းတာရန် SAR (Specific Absorption Rate) ကို အသုံးပြုပြီး SAR ပမာဏများလေ ခန္ဓာကိုယ်အပူချိန် တက်နှုန်းများလေ၊ ရေဒီယိုစွမ်းအင်စုပ်ယူမှု နှုန်းများလေ ဖြစ်သည်။

လူ့တစ်ရှူးတစ်ကီလိုသည် မိနစ် (၃၀) လျှင် စွမ်းအင် 4 W အထိ စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်အပူချိန်မြင့် တက်မှု (1.C) အောက်ရှိကြောင်း၊ စွမ်းအင် 4 W အထက် စုပ်ယူပါက ကျန်းမာရေးအန္တရာယ်ရှိကြောင်း ICNIRP အဖွဲ့အစည်းမှ ထုတ်ပြန်ထားသည်။

မိုဘိုင်းလ်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် အများပြည်သူ ကျန်းမာရေးမထိခိုက်စေရန် Handset များ၏ SAR ပမာဏများကို သတ်မှတ်သည့်စံနှုန်းထက် မကျော်လွန်စေဘဲ နိုင်ငံတကာအသိအမှတ်ပြု စမ်းသပ်ခန်းများ၏ ထောက်ခံချက်ရယူကာ ထုတ်လုပ်တင်သွင်း လျက်ရှိသည်။

မိုဘိုင်းလ်တာဝါများမှ ထုတ်လွှင့်သည့် လျှပ်စစ်သံလိုက်လှိုင်းများနှင့် စပ်လျဉ်းပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် အပြည်ပြည် ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ ITU တို့ပူးပေါင်းလျက် စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ ကျန်းမာ ရေးကို ထိခိုက်နိုင်ဖွယ်ရှိသည့် သက်သေအထောက် အထားမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အတိအလင်းထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာမှ လျှပ်စစ်သံလိုက်လှိုင်းများနှင့် ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာနှင့် လေ့လာတွေ့ရှိချက်များကို အောက်ပါ တရားဝင် အင်တာနက်စာမျက်နှာ (Official Webpage) များဖြစ်ကြသော www.who.int/peh-emf,emfguide.itu.int နှင့် www.emfexplained.info တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။ ။

Ref- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်ဝေသည့်လက်ကမ်းစာစောင်။


H

healthcare

3 Months Ago

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?phong-kham-da-khoa932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?review-phong-kham-hung-thinh932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-phu-khoa-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?gia-kham-phu-khoa932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?tu-van-phu-khoa932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?dat-vong-tranh-thai932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?chua-viem-lo-tuyen-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?chi-phi-pha-thai932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?dia-chi-pha-thai-an-toan932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?cach-pha-thai-an-toan932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-nam-khoa-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?tu-van-nam-khoa932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?duong-vat-noi-mun932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?chi-phi-cat-bao-quy-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?cat-bao-quy-dau-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-tinh-hoan-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-xuat-tinh-som-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-yeu-sinh-ly-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-hiem-muon-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?chua-benh-tri-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?chi-phi-cat-tri932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?cach-chua-benh-tri932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-dai-tien-ra-mau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?chi-phi-chua-benh-lau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-benh-lau-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?cach-chua-benh-lau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-sui-mao-ga-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?chi-phi-chua-sui-mao-ga932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-giang-mai-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?cach-chua-giang-mai932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?chi-phi-benh-xa-hoi932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?kham-benh-xa-hoi-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?chua-hoi-nach-o-dau932.shtml

https://ts.hust.edu.vn/hoi-dap/tu-van-giup-e-voi-a?cach-tri-hoi-nach932.shtml

0 0
Reply
H

healthcare

3 Months Ago

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?phongkhamdakhoataihanoi

https://sonnptnt.hanoi.gov.vn/hoi-dap/2783/sk.html

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?kham-phu-khoa-o-dau932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?chi-phi-kham-phu-khoa932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?tu-van-phu-khoa932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?datvongtranhthai932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?chua-viem-lo-tuyen-o-dau932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?chiphiphathai932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?phathaiodau932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?cachphathai932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?khamnamkhoaodau932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?tuvannamkhoa932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?duongvatnoimun932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?chiphicatbaoquydau

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?diachicatbaoquydau

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?khamxuattinhsom932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?khamyeusinhly932

https://sonnptnt.hanoi.gov.vn/hoi-dap/2784/sk.html

https://sonnptnt.hanoi.gov.vn/hoi-dap/2788/sk.html

https://sonnptnt.hanoi.gov.vn/hoi-dap/2787/sk.html

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?daitienramaukhamodau

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?chiphibenhlau932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?khambenhlauodau932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?diachichuasuimaoga

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?chiphichuasuimaoga

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?chiphigiangmai932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?khamgiangmaiodau932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?chiphibenhxahoi932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?khambenhxahoi932

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?chuahoinachodau

https://sonnptnt.hanoi.gov.vn/hoi-dap/2789/sk.html?cachchuahoinach

0 0
Reply