အာဆီယံကျေးရွာကွန်ယက် (ASEAN Village Network) မှ တစ်ဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်သို့

Ministry of Cooperatives and Rural Development | Sep 11, 2023

မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခေါင်းဆောင်များသည် သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး၌ မူဝါဒပိုင်းဆိုင်ရာ၊ မဟာဗျူဟာပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်၍ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုပြီး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ်တွေ့မြင်နိုင်ပါသည်။ ၂၀၃၀ ပြည့်နှစ်အမီ အောင်မြင် အောင် ဆောင်ရွက်ရမည့် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (၁၇)ချက်(Sustainable Development Goals)တွင်လည်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည် ပထမဆုံး ဦးစားပေးဆောင်ရွက်ရမည့်  ပန်းတိုင်တစ်ရပ်အဖြစ် ချမှတ်ထားရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှုအောက်ရှိနိုင်ငံများအားလုံး၏ စုစည်းမှုအင်အားဖြင့် အောင်မြင်စွာဆောင်ရွက်နိုင် ရန် မီးမောင်းထိုးပြသပြီးဖြစ်ပါသည်။ 

မိမိတို့ မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ (၅၄) သန်းကျော်ရှိသည့်အနက်  နိုင်ငံ့လူဦးရေ (၇၀) ရာခိုင်နှုန်းခန့်နေထိုင်လျက်ရှိသော ကျေးရွာပေါင်း (၆၄၀၀၀) ခန့်တည်ရှိရာ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ အဆိုပါ ကျေးရွာ များရှိ ကျေးလက်နေပြည်သူများအား ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင်ဆောင်ရွက်နိုင်မှသာလျင် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာပြီး နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ အလျင်အမြန်ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နှင့် မြို့ပြအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြားတွင် ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျော့ကျ         စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအား  နိုင်ငံအဆင့်ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ်ချမှတ်၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား အခြေခံကာ ပြည်သူဗဟိုပြုချဉ်းကပ်မှုနည်းလမ်းများဖြင့် ဘက်စုံကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေးလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 

အာဆီယံဒေသတွင်းရှိ ဆင်းရဲမှုလျော့ချရေးဆောင်ရွက်ချက်များကို လေ့လာကြည့်မည်ဆို လျင်လည်း ကျေးလက်ဒေသမရှိသော စင်္ကာပူနိုင်ငံမှအပ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးတွင် ကျေးလက်ဖွံ့ဖြိုးရေးအား နိုင်ငံ့ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိ ရပါသည်။ မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် စုစုပေါင်း ကျေးရွာ (၃၁၇၀၀၀) ခန့် ရှိရာ ဘရူနိုင်းနိုင်ငံတွင် ကျေးရွာပေါင်း (၄၀၀) ကျော်ခန့်၊  ကမ္ဘောဒီးယားနိုင်ငံတွင် ကျေးရွာပေါင်း (၁၄၀၀၀) ကျော်ခန့်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျေးရွာ ပေါင်း (၇၅၀၀၀) ခန့်၊ လာအိုနိုင်ငံတွင် ကျေးရွာ ပေါင်း (၁၀၀၀၀) ကျော်ခန့်၊ မလေးရှားနိုင်ငံတွင် ကျေးရွာပေါင်း (၂၆၀၀၀) ကျော်ခန့်၊  ဖိလစ်ပိုင် နိုင်ငံ တွင် ကျေးရွာ ပေါင်း ( ၄၂၀၀၀) ကျော်ခန့်၊ ထိုင်းနိုင်ငံတွင် ကျေးရွာ ပေါင်း  (၇၅၀၀၀) ခန့်၊ ဗီယက်နမ် နိုင်ငံတွင် ကျေးရွာ ပေါင်း (၁၁၀၀၀) ကျော်ခန့်ရှိပြီး အာဆီယံဒေသအတွင်းရှိ စုစုပေါင်း လူဦးရေသန်း (၆၀၀) ကျော်ရှိသည့်အနက် လူဦးရေ သန်း (၃၀၀) ကျော်သည် အဆိုပါ ကျေးလက် ဒေသများတွင် ဖြန့်ကြက်နေထိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ များပြားကျယ်ပြန့်လှသော ကျေးလက် ဒေသများနှင့်ကျေးလက်နေပြည်သူများရှိသည့် အာဆီယံဒေသတွင် ကျေးလက် ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေးလုပ်ငန်းများသည်  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။ ထို့အတွက် သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအလိုက် ဆောင်ရွက်လျက် ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းများမှာလည်း အတိုင်းအတာ ပမာဏကျယ်ပြန့်သည်နှင့်အမျှ ကိုင်တွယ်ဖြေရှင်းရမည့် စိန်ခေါ်မှုများမှာလည်း များစွာရှိနေဆဲ ဖြစ်ပါသည်။  အဆိုပါ ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ စိန်ခေါ်မှုများကို အောင်မြင်ကျော်လွှားနိုင်ရန် အတွက် အာဆီယံနိုင်ငံများ၏ ကျေးရွာများအားလုံးမှ ကွန်ယက် သဖွယ် အပြန်အလှန်ချိတ်ဆက်ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးမှာ အဓိကအရေးကြီးလှပါသည်။ 

မိမိတို့အာဆီယံဒေသတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များနှင့်အတူ အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် (၂၀၂၅) (ASEAN Community Vision-2025) အား ရေးဆွဲချမှတ်ကာ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါပန်းတိုင်များတွင် ဖွံ့ဖြိုးရေး ကဏ္ဍလုပ်ငန်းစဉ်များ ကျယ်ပြန့်စွာပါဝင်လျက်ရှိသည့်အလျောက်  အဖွဲ့ဝင်နိုင်ငံအသီးသီး အား အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community)၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (ASEAN Political-Security Community)၊ အာဆီယံလူမှုယဉ်ကျေးမှု အသိုက်အဝန်း (ASEAN Socio-Cultural Community) စသည်ဖြင့် အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃)ရပ်အောက်တွင် ဖွဲ့စည်း၍ သက်ဆိုင်ရာမဏ္ဍိုင်အလိုက် လမ်းပြမြေပုံများရေးဆွဲကာ မဟာဗျူဟာ လုပ်ငန်းစဉ်များအား တာဝန်ယူဆောင်ရွက်စေလျက်ရှိပါသည်။ အာဆီယံလူမှုယဉ်ကျေးမှု အသိုက် အဝန်း (ASEAN Socio- Cultural Community - ASCC)အောက်တွင်  နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေး အတွက် အဓိကအခြေခံ အုတ်မြစ်ဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုနွမ်းပါးမှု လျော့ချ ရေးမှာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါဝင်လျက်ရှိပါသည်။ အဆိုပါ လုပ်ငန်းစဉ်များအား အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (ASEAN Senior Officials Meeting on Rural Development and Poverty Eradication- SOMRDPE) အဖြစ် စုဖွဲ့ထားရှိသော အဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာအစိုးရဌာနများမှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ပန်းတိုင်များနှင့်အညီ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  

ထိုသို့ဆောင်ရွက်ရာတွင်  စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ၏ အဓိကအခြေခံမူဖြစ်သည့် ဖွံ့ဖြိုးရေးဖြစ်စဉ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျ ကျန်ရှိမနေစေရေး (No One Left Behind) မူနှင့်အညီ  နိုင်ငံတော်အဆင့်မှသည်  အောက်ခြေ ကျေးရွာအဆင့်ရှိ ပြည်သူလူထုအားလုံး ပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ရန် အရေးကြီးလှပါသည်။ ထို့ကြောင့် နိုင်ငံတော်အဆင့်စီမံကိန်းအစီအစဉ်များအဖြစ် သာမက ကျေးရွာ အဆင့်စီမံကိန်းအစီအစဉ်များ အဖြစ် ရေးဆွဲဆောင်ရွက်နိုင်မည့် ချဉ်းကပ်မှုနည်းလမ်းပုံစံအား ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် ဒုတိယအကြိမ်မြောက် အစည်း အဝေး”တွင် ထုတ်ပြန်သည့်ပူးတွဲကြေညာစာတမ်းအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးမှ သဘော တူညီခဲ့ပြီး ဖြစ်ပါသည်။ 

သို့ရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များကို ကျေးရွာအဆင့်စီမံကိန်းများအဖြစ်အသွင် ကူးပြောင်း၍ ကျေးလက်ဖွံ့ဖြိုးရေးကိုဖော်ဆောင်ရာ၌  မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများ၏ လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများမှာ မြို့ပြနှင့်ကျေးလက်အကြား လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုကွာဟချက်မြင့်မားလျက်ရှိခြင်း၊အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုလိုအပ်ချက်များရှိခြင်း၊ သတင်း အချက်အလက်နှင့်နည်းပညာကဏ္ဍလက်လှမ်းနိုင်မှုအားနည်းခြင်း၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးမှုအားနည်းခြင်း၊ ထိခိုက်လွယ်အုပ်စုများနှင့် ချန်လှပ်ခြင်းခံအုပ်စုများအား ဖွံ့ဖြိုးရေး ဖြစ်စဉ်တွင် ပါဝင်လာနိုင်အောင် ပံ့ပိုးမှုလိုအပ်ခြင်းများ ရှိနေဆဲဖြစ်ပါသည်။ အဆိုပါ စိန်ခေါ်မှုအခက် အခဲများကိုဖြေရှင်းနိုင်ရန်အတွက် အာဆီယံဒေသအဆင့်၊ နိုင်ငံတော်အဆင့်မှ ချမှတ်ထားသော မူဝါဒ အစီအစဉ်များနှင့်အညီ လက်တွေ့မြေပြင်တွင် ချိတ်ဆက်ဆောင်ရွက်နိုင်စေရေး၊ အဖွဲ့ဝင်နိုင်ငံ အချင်းချင်းအကြား ဖွံ့ဖြိုးရေး အလေ့အကျင့်ကောင်းပုံစံများမျှဝေဖလှယ်နိုင်စေရေး၊  လိုအပ်သော နည်းပညာ၊ ငွေကြေးအကူအညီများထောက်ပံ့ပေးနိုင်စေရေးအတွက် အစိုးရအဖွဲ့အစည်းများ သာမက ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကျေးလက်ပြည်သူလူထု ကိုယ်တိုင်နှင့် အခြားသက်ဆိုင်သူများ အားလုံး၏ ဟန်ချက်ညီညီ ပူးပေါင်းအားထုတ်မှုမှာ အရေးကြီးလှပါသည်။ အထူးသဖြင့် မြေပြင် ဖွံ့ဖြိုးရေး အခြေအနေ၊ အခက်အခဲစိန်ခေါ်မှုများကို ကိုယ်တိုင်သိရှိနားလည်၍ ရှေ့တန်းမှ တာဝန်ယူ ဖြေရှင်းနိုင်သည့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နိုင်ရန်လည်း အရေးပါလှပါသည်။ 

ထို့ကြောင့် ၂၀၂၃ ခုနှစ် မေလ၊  အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ ကျေးရွာများအချင်းချင်း၊ ကျေးလက် ပြည်သူများအချင်းချင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်မည့်  အာဆီယံကျေးရွာကွန်ယက် (ASEAN Village Network) ထူထောင်ရေး အစီအစဉ်အား အတည်ပြု ပြဌာန်းခဲ့ပါသည်။ အဆိုပါအစီအစဉ်အား စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် ကျေးရွာ အဆင့်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်ရန် “အာဆီယံကျေးရွာ ကွန်ယက်ထူထောင်ရေး ပထမအကြိမ်မြောက်အစည်းအဝေး ( 1st ASEAN Village Network Meeting)” ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျော့ဂျာကာတာ မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ (SOMRDPE)၊ တီမောလက်စ်တေနိုင်ငံမှ လေ့လာသူအဖြစ်လည်းကောင်း၊ အာဆီယံကျေးရွာကွန်ရက်ထူထောင် ရေးအတွက် ရွေးချယ်ထားရှိသည့် ကျေးရွာများမှ ကိုယ်စားလှယ်များ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ကိုင်သူများတက်ရောက်ကြရာ မြန်မာနိုင်ငံ၏ အာဆီယံ SOMRDPE ပင်မဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်း (၂) ဦးနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာမှ ကျေးရွာကိုယ်စားလှယ် (၁) ဦး နှင့်  ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းပေါခုံကျေးရွာမှ ကျေးရွာကိုယ်စားလှယ် (၁) ဦး စုစုပေါင်း (၄) ဦးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်၍  ASEAN Village Network ထူထောင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ 

အာဆီယံကျေးရွာကွန်ယက် (ASEAN Village Network) ဆိုသည်မှာ 

အာဆီယံကျေးရွာကွန်ယက် (ASEAN Village Network) ဆိုသည်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီး၏ ကျေးရွာအုပ်စုများ၊ ကျေးရွာများ၊ ကျေးရွာအဖွဲ့အစည်းများအားလုံးပါဝင်၍ သက်ဆိုင်ရာ နိုင်ငံအလိုက် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ၊ ကျေးရွာတပိုင်တနိုင်ကုန်ထုတ်လုပ်ငန်းများ  အချင်းချင်းပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်စေမည့် ကွန်ယက်တစ်ခုဖြစ်ပါသည်။ အဆိုပါ ကွန်ယက်တွင် အဖွဲ့ဝင်နိုင်ငံများ၏ ကျေးလက်ဖွံ့ဖြိုးရေးအတွက်တာဝန်ရှိသည့် ပင်မအစိုးရဌာန များက မူဝါဒပိုင်း၊ မဟာဗျူဟာပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးနှင့်စီမံကြီးကြပ်ရေးအခန်းကဏ္ဍမှ ဆောင်ရွက်သွားမည်ဖြစ်ရာ  မြန်မာနိုင်ငံမှသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

အာဆီယံကျေးရွာကွန်ယက် (ASEAN Village Network) တွင် ပါဝင်သည့် စီမံကိန်းများ

    အာဆီယံကျေးရွာကွန်ယက် (ASEAN Village Network) တွင် ကျေးလက်အသေးစား၊ အလတ်စား စီးပွားရေးဖွံ့ဖြိုးမှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ရာ မီးခိုးမထွက်သည့်လုပ်ငန်းဖြင့် ကျေးလက်ဝင်ငွေတိုးပွားစေနိုင်သည့်  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကျေးရွာစီမံကိန်း၊ ဒီဂျစ်တယ် အခြေခံအဆောက်အအုံများဆောက်လုပ်ပေး၍ ကျေးလက်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည့် ဒီဂျစ်တယ်ကျေးရွာစီမံကိန်း၊  ကျေးလက်ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးမည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးစီမံကိန်း (One Village One Product) တို့ ပါဝင်ပါသည်။ အဆိုပါ စီမံကိန်းများကို အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ကျေးရွာ (၃) ရွာစီ၌ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ (၃) နှစ် တာကာလ စီမံချက်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအား ခရီးသွားလုပ်ငန်း ကျေးရွာအဖြစ်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည် တော်၊လယ်ဝေးမြို့နယ်၊သော်မှော်ကုန်းကျေးရွာအား ဒီဂျစ်တယ်ကျေးရွာအဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းပေါခုံကျေးရွာအား ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုး ကျေးရွာအဖြစ်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

အာဆီယံကျေးရွာကွန်ယက်၏ အဓိက အထောက်အကူပြုလုပ်ငန်းအစီအစဉ် (၂) ရပ်

ထို့အပြင် အာဆီယံကျေးရွာကွန်ယက်အား  (ASEAN Village Network) ရေရှည် အောင်မြင် စွာ ဆောင်ရွက်နိုင်ရေးအတွက် အဓိက အထောက်အကူပြုလုပ်ငန်းအစီအစဉ် (Enablers ) (၂) ရပ်မှာ သင်ယူရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ( Learning and Collaborative Forum) နှင့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် (Counterpart Programme) တို့ ပါဝင်ပါသည်။ သင်ယူရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင်  ဖော်ပြပါ စီမံကိန်း (၃)ခုမှ ဆောင်ရွက်ပြီး/ ဆောင်ရွက်ဆဲလုပ်ငန်း များမှ ရရှိလာသော အတွေ့အကြုံသင်ခန်းစာများ၊ အလေ့အကျင့်ကောင်းပုံစံများနှင့် အသိအမြင်များ အား အဖွဲ့ဝင်နိုင်ငံများ၏ ကျေးရွာများအကြား မျှဝေဆွေးနွေးဖလှယ်နိုင်မည့် အစီအစဉ်များပါဝင်ပါ သည်။ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်တွင် စီမံကိန်းလုပ်ငန်းများ ထိရောက် အောင်မြင် နိုင်ရေးအတွက် ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များကို ဖြည့်တင်းပေးနိုင်ရန် အာဆီယံဆွေးနွေးဖက်နိုင်ငံများ၊ ASEAN SOMRDPE+3 နိုင်ငံများ၊ International Fund for Agriculture Development (IFAD) နှင့် Asian Development Bank (ADB) တို့ အပါအဝင် အာဆီယံမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

ရှေ့ဆက်ဆောင်ရွက်သွားမည့် ကျေးရွာအဆင့်အစီအစဉ်များ

    အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ကျေးရွာ (၃) ရွာစီ၌ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဒီဂျစ်တယ် နည်းပညာကဏ္ဍ၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးကဏ္ဍဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ (၃) နှစ်တာကာလ စီမံချက်ဖြင့်  အောက်ဖော်ပြပါ လုပ်ငန်းစဉ်များ အကောင် အထည်ဖော်‌သွားမည်ဖြစ်ပါသည်-

(က)    ခရီးသွားလုပ်ငန်းကျေးရွာစီမံကိန်း (Tourism Village Project)

  • ကျေးရွာအတွင်းလူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းညွှန် ချက်များနှင့် စံနှုန်းများရေးဆွဲဆောင်ရွက်ခြင်း၊

  •  ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်လူထု၏ အသိပညာ ဗဟုသုတများ မြင့်မားစေရန်  စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊

  • အာဆီယံဒေသတွင်း ခရီးသွားကျေးရွာများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အကြား ခရီးသွားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်ခြင်း၊

  • ခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုများရရှိစေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊

ခရီးသွားနေရာများနှင့် ကျေးရွာထုတ်ကုန်ပစ္စည်းများအား လူသိများနာမည် ကျော်ကြား စေရေးနှင့် ဈေးကွက်ရရှိစေရေးအတွက် အွန်လိုင်းစနစ်အသုံးပြုခြင်း။

(ခ)    ဒီဂျစ်တယ်ကျေးရွာစီမံကိန်း (Digital Village Project)

  • ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်း ဆောင်ရွက်နိုင်ရန် အတွက် ကျား/မရေးရာ အခန်းကဏ္ဍကိုပါ ထည့်သွင်းစဉ်းစား၍  လမ်းညွှန်ချက်များ၊ စံနှုန်းများ ရေးဆွဲ ဆောင်ရွက်ခြင်း၊

  • ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းနှင့် သတင်း အချက်အလက်များ မျှဝေဖလှယ်နိုင်ရေး ဒေသတွင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊

  • ဒီဂျစ်တယ်ဝန်ဆောင်မှုများလက်လှမ်းမီရရှိစေရေးအတွက် ဒီဂျစ်တယ်အခြေခံ အဆောက်အအုံများမြှင့်တင်ဆောင်ရွက်ခြင်းနှင့်် ကျေးရွာထုတ်ကုန်များအတွက် အွန်လိုင်းအခြေပြု ဈေးကွက် application တစ်ခုအား ထူထောင်ခြင်း၊

  • ကျေးလက်ဒေသများတွင် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် e-commerce ကဏ္ဍများ အတွက် ဒီဂျစ်တယ်နည်းပညာများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

(ဂ)    ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး စီမံကိန်း ( One Village One Product-OVOP Project)

  • ကျေးရွာထုတ်ကုန်များဖွံ့ဖြိုးရေးအတွက် လိုအပ်သောလမ်းညွှန်ချက်များနှင့် စံသတ် မှတ် ချက်များ ဖော်ထုတ်ရေးဆွဲခြင်းနှင့် ဈေးကွက်တင်ပို့ရန် အလား အလာရှိသည့် ထုတ်ကုန် များနှင့် လုပ်ငန်းများအား စိစစ်ရွေးချယ်ခြင်း၊

  • ကျေးရွာထုတ်ကုန်များ၏ အရည်အသွေး၊ ဒီဇိုင်း၊ ထုတ်ပိုးမှု နှင့်ဈေးကွက်ရှာ ဖွေရေး နည်းဗျူဟာများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း များ ဆောင်ရွက်ခြင်း၊

  • ဒေသတွင်းနှင့်နိုင်ငံတကာကုန်စည်ပြပွဲများ၊ ဒီဂျစ်တယ်နှင့် e-commerce စီးပွားရေး စနစ်များမှတဆင့် ကျေးရွာထုတ်ကုန်များ ဈေးကွက်ရရှိနိုင်ရေးနှင့် အရင်းအမြစ်များ စုစည်း နိုင်ရေး အတွက် သက်ဆိုင်သူအားလုံးပါဝင်သည့် ဒေသတွင်း ဖိုရမ်များကျင်းပခြင်း၊

  • OVOP ကျေးရွာများဖွံ့ဖြိုးရေးအတွက် အာဆီယံဒေသတွင်း OVOP လုပ်ငန်းများ အောင် မြင်စွာ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများနှိုင်းယှဉ်လေ့လာ၍ အလေ့အကျင့် ကောင်းပုံစံများအား ရယူဆောင်ရွက်ခြင်း။

အာဆီယံကျေးရွာ ကွန်ယက်ထူထောင်ရေး ပထမအကြိမ်မြောက်အစည်းအဝေး ( 1st ASEAN Village Network Meeting) တွင် အာဆီယံနိုင်ငံများရှိ ကျေးရွာအဆင့်၌ အကောင်အထည်ဖော် သွားမည့် အထက်ဖော်ပြပါ လုပ်ငန်းစဉ်များအား အားလုံးဝိုင်းဝန်းဆွေးနွေးဖော်ထုတ်နိုင်ခဲ့ကြပါသည်။    အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ထပ်မံဖြည့်စွက်အကြုံပြုချက် တစ်ရပ်အနေဖြင့် ကျေးလက် အသက် မွေးဝမ်းကျောင်း၏ မူလသဘောသဘာဝအရ လုပ်ငန်း အမျိုး အစားများ ကျယ်ပြန့်စွာပါဝင်သည့် အလျောက် ASEAN Village Network တွင် ပါဝင်သော ကဏ္ဍ(၃) ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်း၊ ဒီဂျစ်တယ်လုပ်ငန်းနှင့် ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုးလုပ်ငန်းများ အပြင် ဒေသထွက်ကုန်များကို အခြေခံသည့် ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေတိုး လုပ်ငန်းများကို လည်း အဓိက ထည့်သွင်း ဆောင်ရွက်သင့်သည်ဖြစ်ရာ နောက်ထပ်ကဏ္ဍ (၁) ရပ် အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကိုပါ ထည့်သွင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးပြောကြားခဲ့ရာ ဖိလစ်ပိုင်နိုင်ငံကိုယ်စားလှယ်က ထောက်ခံခဲ့ပါသည်။ 

အာဆီယံကျေးရွာကွန်ယက်သည်မြန်မာနိုင်ငံတွင်သာမက အာဆီယံဒေသအတွင်း ပထမဦးဆုံး ထူထောင်သည့် ကွန်ယက်တစ်ခုဖြစ်သည့်အားလျော်စွာ ကျေးလက်ပြည်သူများ၏အသံ (Rural Voice) အား ကျေးရွာအဆင့်မှ နိုင်ငံတော်အဆင့်၊ အာဆီယံဒေသအဆင့်ထိ ကြားနာသိရှိ ဖော်ထုတ် နိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါကွန်ယက်မှတစ်ဆင့်  အာဆီယံနိုင်ငံများအကြား ကျေးရွာအသေးစား၊ အလတ်စားစီးပွားရေးလုပ်ကိုင်သူများအနေဖြင့်အချင်းချင်း အသိပညာဖလှယ်ကာ စီးပွားရေးအမြင်များပွင့်လာနိုင်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းအဆင့်မှ စီးပွားဖြစ်လုပ်ငန်းအဖြစ် သို့  တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် မြို့ပြဒေသများသာမက ကျေးလက်တောရွာ များပါ ဒီဂျစ်တယ် နည်းပညာခေတ်ရေစီးကြောင်းအပေါ် ဟန်ချက်ညီညီ လိုက်ပါစီးမျောနိုင်မည်ဖြစ်ပြီး ကျေးလက်လူမှု စီးပွားဘဝဖွံ့ဖြိုးရေးအတွက် ဒီဂျစ်တယ်နည်းပညာအား လက်လှမ်းမီ အသုံးချနိုင်မည် ဖြစ်ပါသည်။ 

အချုပ်အားဖြင့်ဆိုသော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ၏ မူလရည်မှန်းချက်ဖြစ်သော  အားလုံးပါဝင်သည့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်ရာတွင် အစိုးရအဖွဲ့အစည်းတစ်ခုတည်းမှ တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်တစ်ရပ်ဟု မှတ်ယူခြင်းမပြုဘဲ ပြည်သူလူထုအားလုံးတာဝန်ယူ မှု၊ တာဝန်ခံမှုအသိတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှသာလျင် အောင်မြင်နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ပန်းတိုင်များ အောင်မြင်နိုင်ရေးအတွက် မဟာဗျူဟာမြောက် ချဉ်းကပ်မှုအစီအစဉ်တစ်ရပ်အဖြစ် စတင်ပေါ်ပေါက်လာသော အာဆီယံကျေးရွာကွန်ယက်အား ဆက်လက်အကောင်အထည်ဖော်ရာ တွင် မြန်မာနိုင်ငံအနေဖြင့်လည်း  ကျေးလက်ပြည်သူလူထု၊ သက်ဆိုင်သူများအားလုံးနှင့်အတူ စုပေါင်းအားဖြင့်  ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ 

ထူးမြတ်


S

suc khoe

1 Year Ago

Nạo hút thai có đau đớn không và cần kiêng những gì?

Hút thai có đau không một số mẹ, nạo hút thai 5 tới 6 tuần có đau hay không? Sau kết thúc thai kỳ cần kiêng cái gì? Có được gội đầu không? …. Là thắc mắc băn khoăn của nhiều phái yếu. Bởi hút thai là việc can thiệp một số dụng cụ y tế trực tiếp và phía bên trong buồng tử cung. Vì thế phần lớn phái yếu sợ đau đớn.

Hút thai có đau lắm không?

Nạo hút thai là giải pháp kết thúc thai kỳ thường ứng dụng cho các nếu như có bầu do vỡ kế hoạch, thai không phá được bằng thuốc đình chỉ thai kỳ.

Hút thai là ảnh hưởng trực tiếp tới cổ dạ con & tử cung, nên ít nhiều việc hút thai vẫn gây ra đau ở mẹ bầu. Tuy vậy cấp độ đau ở mỗi người sẽ là riêng biệt. Tuy nhiên, cách này sẽ làm làm giảm sự cơn đau mà mẹ bầu phải chịu, nếu có cũng vẫn chỉ là một số đau đớn râm ran như thống kinh.

Bên cạnh đó, hút thai có đau hay không sẽ tùy thuộc vào trung tâm chăm sóc sức khỏe, trình độ chuyên môn bác sĩ, kỹ thuật, phương tiện y tế có bảo đảm sạch khuẩn, an toàn không.

Vì lẽ đó, phái nữ nên chọn ra các địa chỉ chất lượng cao chất lượng để tiến hành, giảm trạng thái đau đớn và tác hại cho sức khỏe của bản thân nhé!

Sau khi nạo hút thai nên kiêng cữ cái gì?

Hành vi kiêng khem, chăm sóc sau nạo hút thai đóng chức năng cấp thiết. Nó ảnh hưởng đến hữu hiệu sau hút thai. Bởi vậy, phụ nữ nên nắm được thông tin nên hút thai không nên gì, nên ăn uống như thế nào… việc đó giúp đỡ không nhỏ cho quá trình khôi phục sau hút thai.

Thực tiễn, có nhiều phái đẹp rơi vào trạng thái suy yếu sức khỏe thể chất, tâm lý, sinh sản bất ổn định,… Không hiểu được những tin tức nên ăn gì, kiêng gì? Theo chia sẻ của bác sỹ Hoàng Thị Bình Nguyên sau thời điểm nạo hút thai phái nữ nên kiêng kị & lưu ý đến thực đơn, sinh hoạt.

Nghi vấn này vô cùng phổ biến. Bởi lẽ, sau thời điểm đưa ra một ý muốn khó khăn cho nên thì chắc nịch nữ giới sẽ quan tâm tìm hiểu đến sức khỏe cơ thể sau này. Làm giải pháp nào để kiêng kị tốt sau hút thai, nên kiêng cữ vấn đề gi sau hút thai….

Bác sỹ Hoàng Thị Bình Nguyên cho biết, sau nạo hút thai phụ nữ không nên một vài điều sau:

Hút thai chân không không nên gì – kiêng hoạt động tình dục

Tình dục là mong ước không thể thiếu. Tuy nhiên, trong trường hợp có cảm hứng mọi người có thể chọn lọc một số giải pháp hài lòng khác. Bởi sau khi phá thai một số thầy thuốc khuyên bảo mọi người không nên giao hoan. Việc quan hệ tình dục sớm, sau đó khi hút thai chân không khiến gia tăng những rủi ro như: viêm nhiễm, tổn hại tử cung, ảnh hưởng cảm xúc, nguy cơ có thai không mong muốn,...

Hoạt động tình dục sớm, không rửa ráy thật sạch có thể khiến chị em bị viêm. Các nhiễm trùng đường sinh dục cực kỳ nguy hại.

Thêm vào đó, một vài sức ép về tinh thần sau thời điểm nạo hút thai khiến nữ giới chưa chuẩn bị sẵn sàng. Việc quan hệ lúc này có thể gây nên khô nóng rát, đau rát. Có khi còn là sang chấn tâm lý, lãnh cảm dục tình. Đó là điều mà nhiều phái yếu đã giới thiệu.

Đồng thời, nếu không kiêng giao hợp chị em có thể sẽ lại có thai do vỡ kế hoạch. Tiếp đó khi hút thai chân không, những ngày kinh nguyệt có thể khởi đầu trở lại. Trứng có thể rụng bất kỳ lúc nào. Đặc biệt một số kinh nguyệt bị rối loạn sau nạo hút thai khiến phái đẹp khó tính được ngày rụng trứng.

Những rủi ro nếu không kiêng giao hợp sau đình chỉ thai kỳ gồm những nhiều. Bởi vì thế, chị em nên cẩn trọng.

Phụ nữ nên kiêng gì sau hút thai chân không – hạn chế vận động mạnh sau hút thai chân không

Nữ giới sau hút thai có thể chịu tác động ít nhiều về sức khỏe cơ thể. Thiếu máu sau đình chỉ thai kỳ khiến thân thể cần được nghỉ ngơ. Nếu không kiêng hoạt động thể thao mạnh phái yếu có thể bị tác động sức khỏe cơ thể quá nhiều.

Chính vì thế, chị em nên lưu ý kiêng lao động nặng như mang vác vật nặng, leo cầu thang, chạy nhảy….

Không thụt rửa sâu

Rửa ráy sạch sẽ sau đình chỉ thai nghén là điều cần phải. Hành động này giúp giảm những rủi ro bội nhiễm sau phá thai. Thế nhưng, rửa ráy thì nên vệ sinh đúng như chỉ dẫn. Phái yếu không nên không thụt rửa sâu. Chỉ rửa nhẹ nhõm ở ngoài.

Chú ý lựa chọn nguồn nước, dung dịch tẩy rửa hợp lý, mặc đồ đạc thoáng rộng rãi.

Nạo hút thai không nên gì? – Kiêng đồ cay nóng, chất gây nghiện sau đình chỉ thai nghén

Món ăn cay nóng, những chất gây nghiện có thể gây tác động không tốt với sức khỏe. Với nữ sau đình chỉ thai kỳ nó có thể làm tăng dị ứng niêm mạc dạ con. Vì thế, phái đẹp nên tránh sử dụng một số loại thức ăn này.

Chị em nên tránh sử dụng thực phẩm nhanh, đồ uống có cồn, thuốc lá, cafein….

Một vài kiêng kị sau đình chỉ thai nghén này giúp hồi phục nhanh. Làm giảm một vài ảnh hưởng tới sức khỏe. Qua đó, phụ nữ nên tuân thủ giúp bảo đảm hiệu quả sau đình chỉ thai kỳ nhé!

Phái đẹp nên ăn gì sau bỏ thai

Kèm theo một số tác nhân kiêng cữ sau phá thai thì phái đẹp cũng nên bổ sung dưỡng chất. Dưỡng chất giúp điều hòa cơ địa. Giúp cho nữ giới lạc quan hơn cũng như đẩy mạnh sức khỏe. Vì vậy, sau nạo phá thai phái yếu nên ăn nhưng thức ăn như:

Bổ sung toàn bộ vitamin

Phụ nữ nên ăn nhiều rau củ, quả tươi tươi

Phụ nữ nên ăn món ăn có chứa nhiều sắt

Những bác sĩ cũng khuyên nữ giới đừng nên kiêng cữ ăn uống quá. Có thể ăn một số thức ăn mà chính mình có cảm giác ngon miệng. Vì ngon đường miệng sẽ làm tâm lý sảng khoái, giúp cơ thể nhanh hồi phục hơn.

Đồng thời sau thời điểm đình chỉ thai nghén phái nữ nên kiêng sinh hoạt tình dục, vệ sinh chỗ kín thật sạch để hạn chế nhiễm khuẩn.

Hút thai chân không an toàn, không đau ở đâu Hà Nội tốt nhất?

Chọn ra một phòng khám phá thai an toàn sẽ giúp những chị em bảo đảm sức khỏe thể chất và chức năng sinh sản của chính bạn trong tương lại. Do đó, khi có ý muốn thực hiện một số cách này, mọi người có thể đến tại phòng khám Thái Hà.

Phòng khám Thái Hà là một trung tâm y tế được đi vào hoạt động căn cứ vào sự hợp tác với tập đoàn y tế của Singapore và được Sở y tế cấp phép hoạt động trong lĩnh vực phục vụ chức năng sinh sản.

Một số nữ giới trước khi nạo phá thai bằng giải pháp nạo hút thai sẽ được gây nên mê mao mạch để không phải chịu đựng bất kỳ sự đau rát nào trong khi tiến hành phẫu thuật. Với việc áp dụng giải pháp hút thai mới bằng ông siêu dẫn nanoca phân tử có kết cấu linh hoạt, đường kính nhỏ, độ đàn hồi tốt sẽ không gây nên một vài tổn hại cho tử cung với thời kỳ phẫu thuật mau chóng & không bỏ lại sẹo.

Đặc biệt trong khi tiến hành phẫu thuật, thầy thuốc sẽ dùng máy siêu âm dẫn đường để giúp xác định chính xác khu vực bào thai và thực hiện hút thai. Sau thời điểm thực hiện, thầy thuốc chuyên khoa sẽ khuyến nghị ứng dụng những cách Đông tây y kết hợp giúp bệnh nhân khôi phục sức khỏe thể chất nhanh.

Vậy nên, với một vài thông tin đáp ứng trên đây chúng ta đã có thể biết hút thai có đau hay không và sau thời điểm hút thai chân không không nên. Mong rằng có thể giúp phái yếu nhanh chóng khôi phục sức khỏe thể chất.

Địa chỉ phá thai an toàn tại hà nội https://phathaithaiha.webflow.io/post/co-so-pha-thai-an-toan-o-ha-noi

Các phòng khám đa khoa uy tín tại Hà Nội https://suckhoe24gio.webflow.io/posts/phong-kham-da-khoa-tai-ha-noi

Giá phá thai bằng thuốc https://phathaithaiha.webflow.io/post/pha-thai-1-thang-tuoi-bang-thuoc-va-chi-phi

Https://phathaithaiha.webflow.io

Phụ khoa Thái Hà https://phathaithaiha.webflow.io/post/phong-kham-da-khoa-thai-ha

 https://phongkhamdakhoa.salekit.com

0 0
Reply