ကမ်းဝေးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ကမ်းဝေးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း
Ministry of Agriculture, Livestock and Irrigation / April 09, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
(က) လုပ်ကိုင်သူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) နိုင်ငံခြားသားပိုင်ဆိုင်မှုကင်းရှင်းရမည်။
လိုအပ်သောစာရွက်စာတမ်းများ
(က) လိုင်စင် လျှောက်ထားလာသည့် ကမ်းဝေးငါးဖမ်းရေယာဉ်အတွက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် ရေယာဉ်ဂရမ်မူရင်းနှင့်မိတ္တူ။
(ခ) ငါးဖမ်းရေယာဉ်၏ ရှေ့နောက်၊ ဝဲယာအနေအထား (၄)မျိုးနှင့်တစ်မျိုးလျှင် ဓါတ်ပုံ(၂)ပုံစီ။
(ဂ)ရေယာဉ်ဂရမ်တွင်ဖော်ပြထားသည့် ပိုင်ရှင်၏ဓါတ်ပုံ (၂)ပုံနှင့်အတူ ရေယာဉ်အားမိမိပိုင်ဆိုင်ကြောင်း ကတိသစ္စာပြုလွှာ နှင့် နိုင်ငံခြားသား အကျိုးစီးပွားပိုင်ဆိုင်မှု ပါဝင်ကြောင်းစစ်ဆေးတွေ့ရှိရပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူသည်အထိ အရေးယူခံရမည်ကို သိရှိကြောင်း ကတိဝန်ခံချက်။
(ဃ) ရေယာဉ်သည် ယခင်နှစ်များတွင် ငါးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပါက ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးထားသည့် ငါးဖမ်း/ ငါးသယ်လိုင်စင်မူရင်းနှင့် မိတ္တူ။
ဝန်ဆောင်ခ
အခမဲ့
လျှောက်ထားရန် အဆင့်များ
(က) တိုင်းဒေသကြီး/ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနများသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။
(ခ) တိုင်းဒေသကြီး/ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်း/ငါးသယ်ရေယာဉ်နှင့် မိတ္တူများအား စိစစ်၍ ညွှန်ကြားရေးမှူးချုပ် ထံတင်ပြရမည်။
(ဂ) ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့် လိုင်စင်ခများကို ပေးဆောင်ရမည်။
Website လိပ်စာ
Applying Import/Export License with Fully Online Licensing System (Allowed (43) Types)
Ministry of Commerce / April 09, 2018
အကောက်ခွန်သက်သာခွင့်ခံစားခွင့်ရှိသော CO FORM ပုံစံများ
Ministry of Commerce / September 30, 2021
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း(ထသက) နှင့် စီးပွာရေးအကျိုးဆောင်မှတ်ပုံတင်ခြင်း
Ministry of Commerce / April 09, 2018
