ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းအသိအမှတ်ပြုတံဆိပ်လျှောက်ထားခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းအသိအမှတ်ပြုတံဆိပ်လျှောက်ထားခြင်း
Ministry of Hotel & Tourism / April 09, 2018
ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရေးအတွက် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း အသိအမှတ်ပြုတံဆိပ် များကိုစိစစ်ထုတ်ပေး လျက်ရှိပါသည်။ အသိအမှတ်ပြုတံဆိပ်လျှောက်ထားရာ တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြု ထုတ်ပေးထားသည့် အငှားယာဉ်(နံပါအနီ) “ခ”(သို့မဟုတ်) “ဂ”လိုင်စင်ရရှိပြီးဖြစ်ရပါမည်။ နိုင်ငံခြားသား စီးနင်းနိုင်ရန်အတွက် ကောင်းမွန်သော အခြေအနေရှိရမည်။ မီးသတ်ဆေးဗူး၊ ရှေးဦးသူနာပြုသေတ္တာထားရှိရမည်။ယာဉ်မောင်းများသည် အကျင့်စာရိတ္တကောင်းမွန်ပြီး၊ ယဉ်ကျေး သိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်သူ၊ တာဝန်ချိန်အတွင်း အရက်၊ဆေးလိပ်၊ ကွမ်းစားခြင်း မပြုသူဖြစ်ရမည်ဖြစ်ပြီး ခရီးသည်အတွက် အန္တရာယ်မဖြစ်စေရန် ကျွမ်းကျင်စွာမောင်းနှင်နိုင်သူဖြစ် ရမည်။
ဝန်ဆောင်ခ
၅၀၀ဝိ/-
လိုအပ်သော စာရွက်စာတမ်းများ
- ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှထုတ်ပေးထားသောသက်တမ်း ရှိ လိုင်စင်စာအုပ် အငှားယာဉ်(နံပါတ်အနီ) “ခ”(သို့) “ဂ”လိုင်စင် အပိုင်း (၁)၊အပိုင်း(၂)
- ဝှီးတက်မိတ္တူ
- မှတ်ပုံတင်မိတ္တူ၊သက်ဆိုင်ရာဒေသရှိ သယ်ယူ ပို့ဆောင်ရေးအသင်း ထောက်ခံချက်
- ယာဉ်မောင်း၏ လိုင်စင်မိတ္တူ၊ဦးစီးဌာနမှ သတ်မှတ်ထားသော ခရီးသည်ပို့ဆောင်ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်း များကို လိုက်နာမည်ဖြစ်ကြောင်း ကတိဝန်ခံချက်
လျှောက်ထားရန် အဆင့်များ
အဆင့် (၁)
လုပ်ငန်းရှင်၏ လျှောက်လွှာ
အဆင့် (၂)
မှတ်ပုံတင်မိတ္တူ
အဆင့် (၃)
မော်တော်ယာဉ်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုထုတ်ပေး ထားသည့် အငှားယာဉ်(နံပါတ်အနီ)“ခ”(သို့) “ဂ”လိုင်စင် မိတ္တူ
အဆင့် (၄)
သက်ဆိုင်ရာဒေသရှိသယ်ယူပို့ဆောင်ရေးအသင်း၏ ထောက်ခံချက်
အဆင့် (၅)
ယာဉ်မောင်း၏ လိုင်စင်မိတ္တူ
အဆင့် (၆)
ဦးစီးဌာနမှ သတ်မှတ်သော ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ၊ စည်းမျဉ်း၊ စည်းကမ်းများ ကို လိုက်နာမည်ဖြစ်ကြောင်း ကတိပြုဝန်ခံချက်
ဆက်သွယ်ရမည့်လိပ်စာ
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုံးခွဲများ
Website လိပ်စာ
မရှိပါ
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း(ထသက) နှင့် စီးပွာရေးအကျိုးဆောင်မှတ်ပုံတင်ခြင်း
Ministry of Commerce / April 09, 2018
Applying Import/Export License with Fully Online Licensing System (Allowed (43) Types)
Ministry of Commerce / April 09, 2018
အကောက်ခွန်သက်သာခွင့်ခံစားခွင့်ရှိသော CO FORM ပုံစံများ
Ministry of Commerce / September 30, 2021