ပြည်ပနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူများအားကျန်ရစ်သူ မိသားစုများ၏ ဆန္ဒအလျောက် ပြည်ပနိုင်ငံတွင် သင်္ဂြိုဟ်နိုင်ရေး၊ ရုပ်အလောင်း/ အရိုးပြာ ပြန်သယ်နိုင်ရေးအတွက် ထောက်ခံစာထုတ်ပေးခြင်း။


Ministry of Foreign Affairs / June 27, 2018

၀န်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

ပြည်ပနိုင်ငံတွင် သေဆုံးသူများ၏ အိမ်ထောင်စုစာရင်းပါ မိသားစုဝင်ကိုယ်တိုင် လာရောက် လျှောက်ထားရမည်။

၀န်ဆောင်ခ

မရှိပါ

လိုအပ်သောစာရွက်စာတမ်းများ

(က) အိမ်ထောင်စုစာရင်း (မူရင်း)

(ခ) ရပ်ကွက်/ရဲစခန်း ထောက်ခံစာ (မူရင်း)

(ဂ) ပြည်ပနိုင်ငံမှ ထုတ်ပေးသော သေဆုံးကြောင်း ထောက်ခံစာ

(ဃ) သေဆုံးသူ၏ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ် (မိတ္တူ)

(င) သေဆုံးသူ၏အလုပ်သမား မှတ်ပုံတင်ကတ် (မိတ္တူ)

လျှောက်ထားရန်အဆင့်များ

အဆင့် (၁)

သေဆုံးသူ၏ အိမ်ထောင်စုစာရင်းပါ ကျန်ရစ်သူ မိသားစုဝင်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) သို့ လာရောက် လျှောက်ထားရမည်။

အဆင့် (၂)

လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ပြည့့််စုံပါက မလေးရှားနိုင်ငံတွင် သင်္ဂြိုဟ်နိုင်ရေးအတွက် ထောက်ခံစာထုတ်ပေးခြင်း၊ ရုပ်အလောင်း/အရိုးပြာ ပြန်သယ်နိုင်ရေးအတွက် သက်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာန သို့ ထောက်ခံစာထုတ်ပေးခြင်း၊ ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

နိုင်ငံခြားရေးဝန်ကြီးဌာန

လိပ်စာ − ရုံးအမှတ် (၉)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်

Website လိပ်စာ

www.mofa.gov.mm