အဝီစိတွင်းတူးဖော်ပြီး အမြဲတမ်းသုံးစွဲခွင့် လိုင်စင် လျှောက်ထားခြင်


Mandalay City Development Committee / October 04, 2021

အဝီစိတွင်းတူးဖော်ပြီး အမြဲတမ်းသုံးစွဲခွင့် လိုင်စင် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

      

          မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ အဝီစိတွင်း တူးဖော်ပြီး အမြဲတမ်း သုံးစွဲခွင့်လိုင်စင် လျှောက်ထားလိုလျှင်လည်းကောင်း၊ အဝီစိတွင်း တူးဖော်ခွင့် ယာယီလိုင်စင် သက်တမ်းတိုး လျှောက်ထားလျှင်လည်းကောင်း အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။
          

၁။

လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူ (၁) စောင်

၂။  

ယာယီလိုင်စင် မူရင်း(၁)စောင်

၃။  

တူးဖော်ပြီးစီးခဲ့သည့် အဝီစိတွင်း၏ အထွေထွေအချက်အလက်များ (မြေလွှာဖွဲ့စည်းမှု ရေနမူနာ)

၄။  

ပြည်သူ့ကျန်းမာရေးဌာန၏ ရေအရည်အသွေး စမ်းသပ်ချက်အဖြေမူရင်း

၅။

လျှောက်လွှာခ - ၁၀၀ ကျပ်၊ ကွင်းဆင်းစစ်ဆေးခ - ၅၀၀၀ ကျပ်၊ 

၆။

ရေဓါတ်ခွဲစစ်ဆေးခ - ၁၂၀၀၀ ကျပ်

(ပြည်သူ့ကျန်းမာရေးဌာန၏ ဓါတ်ခွဲစစ်ဆေးချက် Bacteria Test  နှင့် မန်းစည်ပင် (ရူပ/ ဓါတု) ၏ Chemical Test)

လျှောက်လွှာဖောင် ရယူရန်

http://www.emandalay.gov.mm/

FAQs