ရောင်းဝယ်ခွင့်နှင့်စမ်းသပ်ပြသခွင့်လိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်း


Ministry of Transport and Communications / December 28, 2021

လိုင်စင်သက်တမ်း တစ်နှစ်ကုန်ဆုံးပါက သက်တမ်းတိုးအခကြေးငွေပေးသွင်းပြီး လိုင်စင်သက်တမ်းထပ်မံတိုးရပါမည်။ သက်တမ်းတိုးလျှောက်ထားရယူလိုသူများသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ()၊ နေပြည်တော်သို့ လိပ်မူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

ပူးတွဲတင်ပြချက်များမှာ-

 

  • မန်နေဂျင်းဒါရိုက်တာလက်မှတ်ထိုး၍ ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ

 

 

  • ကုမ္ပဏီမှတ်ပုံတင် / Form VI / XXVI

 

  • ဝင်ငွေခွန် အခွန်ကင်းရှင်းကြောင်း အထောက်အထားတို့ ပူးတွဲပါဝင်ရပါမည်။

လိုင်စင်သက်တမ်းတိုးအခကြေးငွေများမှာ ရောင်းဝယ်ခွင့်လိုင်စင်အတွက်တစ်သိန်းကျပ်၊ စမ်းသပ်ပြသခွင့်လိုင်စင်အတွက်တစ်သောင်းကျပ်နှင့် ပြင်ဆင်ခွင့်လိုင်စင်အတွက် ငါးသောင်းကျပ်ဖြစ်ပါသည်။



FAQs