နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဆောက်အအုံဟောင်းများ ဖျက်သိမ်းခွင့်၊ အဆောက်အအုံပြင်ဆင်ခွင့်၊ အဆောက်အအုံဆောက်လုပ် ခွင့်ပြုမိန့် သက်တမ်းတိုးခွင့်ပြုခြင်း


Naypyitaw Development Committee / October 07, 2021

အဆောက်အအုံဟောင်းများ ဖျက်သိမ်းခွင့်(လိုအပ်သော စာရွက်စာတမ်းများ)

(က)  အဆောက်အအုံဖျက်သိမ်းခြင်းအတွက် လျှောက်လွှာ၊
( ခ)  မြေပိုင်ဆိုင်မှုအထောက်အထား၊
( ဂ)  လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊
(ဃ)  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဖြိုဖျက်သင့်ကြောင်း ထောက်ခံချက်၊
( င)  ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဖြိုဖျက်သင့်ကြောင်း ထောက်ခံချက်၊
(စ)  သက်ဆိုင်ရာမြို့နယ်စည်ပင်မှ ဖြိုဖျက်သင့်ကြောင်း ထောက်ခံချက်၊
(ဆ)  ဖျက်သိမ်းမည့်အဆောက်အအုံ၏ဓါတ်ပုံနှင့်ဘေးနှစ်ဖက်ရှိအဆောက်အအုံ၏ဓါတ်ပုံ၊
( ဇ)  ဖျက်သိမ်းမည့်အဆောက်အအုံ၏Location Plan နှင့် Layout Plan (A3 size) (လိုင်စင်ရအင်ဂျင်နီယာလက်မှတ်ထိုးပါရှိရမည်)
(စျ )  အဆိုပြုအဆောက်အအုံဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသောအဆောက်အအုံထိခိုက်ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း
  မြေပိုင်ရှင်နှင့် လိုင်စင်ရအင်ဂျင်နီယာတို့၏ ၀န်ခံကတိပြုချက်။
  မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။

 

အဆောက်အအုံပြင်ဆင်ခွင့်(လိုအပ်သောစာရွက်စာတမ်းများ)

(က)  လျှောက်လွှာ၊
( ခ)  မြေပိုင်ဆိုင်မှုအထောက်အထား၊
( ဂ)  လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ၊
( ဃ) အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ
(င) ပြင်ဆင်လိုသည့်အဆောက်အအုံ၏ဓါတ်ပုံနှင့် ပြင်ဆင်လိုသည့်အစိတ်အပိုင်းများ၏ပုံစံ(၁)စုံ (လိုင်စင်ရအင်ဂျင်နီယာလက်မှတ်ထိုးပါရှိရမည်)။
  မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။

 

အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့်သက်တမ်းတိုးခွင့်(လိုအပ်သောစာရွက်စာတမ်းများ)

(က) ဌာနမှ သတ်မှတ်လျှောက်လွှာ၊
( ခ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ၊
( ဂ) မြေပိုင်ဆိုင်မှု အထောက်အထား၊
(ဃ) ခွင့်ပြုထားသောအဆောက်အအုံ၏ဆောက်လုပ်ခွင့်ပြုမိန့် မိတ္တူ၊
( င) အဆောက်အအုံစစ်ဆေးခငွေသွင်းချလံမိတ္တူ၊
( စ) ဆောက်လုပ်ဆဲအဆောက်အအုံ၏ ရှေ့/နောက်၊ ဘယ်/ညာ ဓါတ်ပုံများ။
  မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။

Website လိပ်စာ

https://www.nptdc.gov.mm/

FAQs