ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း


Ministry of Industry / September 20, 2022

ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့် အစီအစဉ်များ

 

အဆင့်( ၁ ) 
    လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ထောက်ခံချက် လျှောက် ထားရန် လိုအပ်ပါသည်။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက်  ထောက်ခံချက် လျှောက်ထားသူသည် “ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက်  ထောက်ခံချက် လျှောက်ထားခြင်း” လျှောက်လွှာ ပုံစံ-၃နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည်-

    (က) ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ (လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)

    ( ခ) Proforma Invoice မိတ္တူ (Country of Origin, Port of Loading, Discharging (Destination), Packing Type, Total Amount, ရောင်းချသူနှင့် ဝယ်ယူသူတို့၏ လက်မှတ်ပါရှိရန်)

    ( ဂ) Sale Contract မိတ္တူ (ရောင်းချသူနှင့် ဝယ်ယူသူတို့၏ လက်မှတ်နှင့် Seal ပါရှိရန်)

    ( ဃ) ဓာတုပစ္စည်း (သို့မဟုတ်) ဆက်စပ်ပစ္စည်းအား အသုံးပြုပုံ (လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်
    ( င ) ဓာတ်ခွဲစမ်းသပ်ချက် (Analysis Report) မူရင်းနှင့် မိတ္တူ (တစ်နှစ်သက်တမ်း)
    ( စ) ထုတ်လုပ်သည့် နိုင်ငံတူ (သို့မဟုတ်) တင်သွင်းသည့်နိုင်ငံတူမှ Certificate of Analysis (COA), Safety Data Sheet (SDS) (စာမျက်နှာတိုင်းတွင်ကုမ္ပဏီ၏ Seal ၊ လက်မှတ်နှင့် Seal မူရင်းများပါရှိရန်)

    ( ဆ) ကုမ္ပဏီမှတ်ပုံတင် မိတ္တူ၊ မှတ်ပုံတင် (သို့) Passport မိတ္တူ၊ ပို့ကုန်သွင်းကုန်မှတ်ပုံတင် လက်မှတ် မိတ္တူနှင့် Board of Director စာရင်း မိတ္တူတို့ ပါရှိရန်

    ( ဇ ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်နှင့် မှတ်ပုံတင်ထားသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အမည်စာရင်း မိတ္တူ 

အဆင့် ( ၂ )
       ဗဟိုကြီးကြပ်ရေးအဖွဲ့သည် လျှောက်လွှာ ပုံစံ-၃ နှင့် ပူးတွဲတင်ပြသည့်  စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ/မရှိ စစ်ဆေးပါသည်။ ပြည့်စုံမှုမရှိသော လျှောက်လွှာများအား လိုအပ်သည်များကို ဖြည့်စွက်၍ ပြန်လည်လျှောက်ထားရန် လျှောက်ထားသူသို့ အကြောင်းကြားပါသည်။

အဆင့်( ၃ )
       လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံမှုရှိပါက လျှောက်ထားသူသို့ထုတ်ပေးမည့် “ ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက် ပုံစံ- ၅ ” အား ဗဟို ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူပါသည်။
အဆင့် ( ၄ )
    ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူပြီးသော ထောက်ခံချက် ပုံစံ-၅ အား Scan ဖတ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ Tradenet 2.0 စနစ်သို့ Online ဖြင့် ပို့ပေးပြီး ယင်း System ၏ Registration Nos. အား ရယူပါသည်။

အဆင့်( ၅ )  
       Registration Nos. ရယူပြီးသော ထောက်ခံချက်အား လျှောက်ထားသူသို့ ထုတ်ပေးပါသည်။ လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက် လာရောက်ထုတ်ယူပါက မှတ်ပုံတင်မူရင်းနှင့် သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ ယင်း၏ မှတ်ပုံတင်မိတ္တူ တစ်စုံနှင့် သော်လည်းကောင်း လာရောက်ထုတ်ယူရပါသည်။

မှတ်ချက်။        ထောက်ခံချက် လျှောက်ထားရယူခြင်းအတွက် အခကြေးငွေပေးဆောင်ရန်မလိုပါ။ 
                      ထောက်ခံချက်သက်တမ်းသည် ( ၆ )လသာ ဖြစ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ    
စာချုပ်စာတမ်းများစိစစ်ရေးဌာန၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ်( ၃၀ )၊  နေပြည်တော်။
ဖုန်းနံပါတ်၊ ၀၆၇၃-၄၀၅၃၂၄။

 

ထောက်ခံချက်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက download ရယူနိုင်ပါသည်။

 



FAQs