ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့် (၁) မွမ်းမံသင်တန်း တက်ရောက်ခွင့် လျှောက်ထားခြင်း


Ministry of Transport and Communications / April 11, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားသူသည် ရေကြောင်းအင်ဂျင်နီယာ အရာရှိ အဆင့်(၂) ကျွမ်းကျင်မှု လက်မှတ် ကိုင်ဆောင်ထားပြီး ပင်မစက်မောင်းနှင်မှု စွမ်းအား(၃၀၀၀)ကီလိုဝပ် နှင့်အထက် 1/AE (or) 2/E  Sea service (၁)နှစ်နှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိအဆင့် (၂) ကျွမ်းကျင်မှု လက်မှတ်ကိုင်ဆောင်ထားပြီး ပင်မစက်မောင်းနှင်မှု စွမ်းအား (၇၅၀) ကီလိုဝပ်နှင့်အထက် သင်္ဘာများတွင် အင်ဂျင်နီယာအဖြစ်  Sea service (၂)နှစ်ရှိရမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

  • Result Sheet (MED-40)  မူရင်းနှင့် မိတ္တူ၊ 
  • (MED-47)  Sea service အတည်ပြုစာ မူရင်းနှင့် မိတ္တူ၊
  • Class II CoC မူရင်းနှင့် မိတ္တူ၊
  • CDC မူရင်းနှင့် မိတ္တူ။

လျှောက်ထားရန် အဆင့်များ

အခြေခံလိုအပ်ချက်များ ပြည့်စုံပါက ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ စာမေးပွဲဌာနစိတ်တွင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ကျောင်းတက်ခွင့် ထုတ်ပေးမည်ဖြစ်သည်။

ဆက်သွယ်ရမည့်လိပ်စာ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။

Website လိပ်စာ

မရှိပါ