OEW Workshop Skills သင်တန်းတက်ရောက်ခွင့် လျှောက်ထားခြင်း


Ministry of Transport and Communications / April 11, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားသူသည်

(က)   B.E, B.Tech, AGTI, GTI ဖြစ်ပါက ဘွဲ့ လက်မှတ် မူရင်းနှင့်မိတ္တူ ပူးတွဲလျှောက်ထားရမည်။

( ခ )  (၁၀)တန်း အောင်မြင်ပြီးသူ ဖြစ်ပါက စက်ခန်း Sea service (၂)နှစ် ရှိရမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

(က)   B.E, B.Tech, AGTI, GTI ဖြစ်ပါက သတ်မှတ်ထားသော ဘွဲ့ လက်မှတ်၊ Eye Test ၊ ဆေးလက်မှတ်၊ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ

( ခ )  (၁၀)တန်းအောင်ဖြစ်ပါက (၁၀)တန်းအောင်လက်မှတ်၊ အမှတ်စာရင်း၊ Eye Test ၊ ဆေးလက်မှတ်၊ မှတ်ပုံတင်၊ CDC မူရင်းနှင့် မိတ္တူ။

လျှောက်ထားရန် အဆင့်များ

အခြေခံလိုအပ်ချက်များ ပြည့်စုံပါက ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ စာမေးပွဲဌာနစိတ်တွင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ကျောင်းတက်ခွင့် ထုတ်ပေးမည်ဖြစ်သည်။

ဆက်သွယ်ရမည့်လိပ်စာ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။

Website လိပ်စာ

မရှိပါ။