"e-Commerce for Trade Negotiators" အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ ဆက်လက်ကျင်းပ - "e-Commerce for Trade Negotiators" အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ ဆက်လက်ကျင်းပ

"e-Commerce for Trade Negotiators" အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ ဆက်လက်ကျင်းပ

Ministry of Transport and Communications/ Nay Pyi Taw / July 12, 2019


နေပြည်တော်၊ ဇူလိုင် ၁၂

"e-Commerce for Trade Negotiators" အလုပ်ရုံ ဆွေးနွေးပွဲ၏ ဒုတိယမြောက်နေ့ကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်လျက်ရှိသည့် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၂) တွင် ဇူလိုင်လ ၁၂ ရက်က ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။

အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ ပါ လုပ်ငန်းစဉ်များအား မြန်မာနိုင်ငံမှ အခြားအာဆီယံနိုင်ငံများနှင့် လိုက်ပါ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုပေးနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် United Nations Conference on Trade and Development (UNCTAD) နှင့် အာဆီယံနှင့် အရှေ့စီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia - ERIA) တို့ပူးပေါင်း၍ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက်မှစ၍ ပြုလုပ်နေခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် UNCTAD နှင့် ERIA များမှ ကျွမ်းကျင်ပညာရှင်များက နိုင်ငံတကာကုန်သွယ်ရေးနှင့် e-Commerce မှတစ်ဆင့် ဒေသတွင်းပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်ရန်၊ Free Trade Area Negotiation တွင်ပါဝင်သည့် e-Commerce Provision များကို ရှင်းလင်းပြောကြားခဲ့ကြပြီး၊ ခေါင်းစဉ်များအလိုက် တက်ရောက်လာသူများက Simulation Exercise၊ Group Work Session များဖြင့် ဆွေးနွေးခဲ့ကြသည်။

နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည် အာဆီယံဒေသတွင်းနှင့် မြန်မာ နိုင်ငံတို့တွင် Digital နည်းပညာနှင့် e-Commerce ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အမျိုးသား အဆင့်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် e-Commerce ၏ အခန်းကဏ္ဍအား မြှင့်တင်သွားနိုင် ရေး၊ Cross Border e-Commerce လုပ်ငန်းစဉ်များနှင့် အာဆီယံဒေသတွင်း ပေါင်းစည်း ဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်ရေးတို့ကို အထောက်အကူပြုနိုင်မည့် အကျိုးကျေးဇူး များစွာရရှိစေနိုင်သော ဆွေးနွေးပွဲတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးပွဲရလဒ် များသည့် မြန်မာနိုင်ငံမှ အာဆီယံ၏ မျှော်မှန်းချက်နဲ့ ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရာတွင် အခြားနိုင်ငံများနှင့်တန်းတူ ရင်ဘောင်တန်း လိုက်ပါဆောင်ရွက် သွားနိုင်ရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က ပြောကြားသည်။

BREAKING NEWS
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •