ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms. Tone Tinnes အား လက်ခံတွေ့ဆုံ - ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms. Tone Tinnes အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms. Tone Tinnes အား လက်ခံတွေ့ဆုံ

Pyithu Hluttaw/ နေပြည်တော် / June 13, 2019


ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ မြန်မာလွှတ်တော်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကူအညီပေးနိုင်ရေး၊ ရွေးကောက်ပွဲစနစ် အတွေ့အကြုံမျှဝေနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်၊ ဇွန်လ ၁၂ ရက်

BREAKING NEWS
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •