နိုင်ငံသား ပြန်လည်ခံယူခွင့်လျှောက်ထားခြင်း

နိုင်ငံသား ပြန်လည်ခံယူခွင့်လျှောက်ထားခြင်း


Ministry of Foreign Affairs / June 27, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားသူသည် ၎င်း၏ကိုယ်ရေးအချက်အလက်များနှင့် ပြည်ပတွင်နေထိုင်မှု အခြေအနေ များအား သံရုံးသို့ပေးပို့ရမည်။ အမည်မည်းစာရင်းတွင် မပါရှိရ။ ရာဇဝတ်မှု ကင်းရှင်းရမည်။ နိုင်ငံသားအရည်အချင်း ပြည့်မီရမည်။ နိုင်ငံသားပြန်လည်ခံယူခွင့်ရရှိပါက အခြားနိုင်ငံသား အဖြစ်မှ စွန့်လွှတ်ရမည်။

ဝန်ဆောင်ခ

မရှိပါ

လိုအပ်သောစာရွက်စာတမ်းများ

(က) ကိုယ်ရေးအချက်အလက်များ 

(ခ) ကိုယ်ရေးလျှောက်လွှာများ

(ဂ) လက်ရှိကိုင်ဆောင်ထားသော နိုင်ငံ ကူးလက်မှတ်များ (သို့မဟုတ်) နိုင်ငံသားအထောက်အထား (သို့မဟုတ်) ခရီးသွား အထောက် အထားများကိုစွန့်လွှတ်မည်ဖြစ်ပါကြောင်း ခံဝန်ကတိ

(ဃ) ယခင်ကိုင်ဆောင်ဖူးသည့် မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံကူးလက်မှတ်၊ ပြည်ပတွင်နေထိုင်မှု အခြေအနေများ

လျှောက်ထားရန်အဆင့်များ

အဆင့် (၁)

သံရုံးတွင်လျှောက်ထားခြင်း

ကာယကံရှင်မှသံရုံးတွင် ၎င်း၏ကိုယ်ရေးအချက်အလက်များနှင့် ပြည်ပတွင်နေထိုင်မှု အခြေအနေများအား တင်ပြလျှောက်ထားရန် လိုအပ်သည်။

အဆင့် (၂)

အခြားနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခြင်း

အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးပါက ပြည်ပနိုင်ငံသား ခံယူထားမှုနှင့် ပြည်ပနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားမှုမှ စွန့်လွှတ်ရန် လိုအပ်သည်။ ပြည်ပနိုင်ငံသား ခံယူထားသူမဟုတ်ပါက ကျမ်းသစ္စာ ကျိန်ဆိုရန် လိုအပ်သည်။

အဆင့် (၃)

C of I ထုတ်ယူခြင်း

C of I  ထုတ်ယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်၀င်ရောက်နိုင်သည်။

ဆက်သွယ်ရမည့်လိပ်စာ

မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်၀န်ချုပ်ရုံးများ

Website လိပ်စာ

http://www.mofa.gov.mm

 



Services (Online) - 0 items

No Data Available

HOT NEWS
January 4,