နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားခြင်းဝန်ဆောင်မှု

နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားခြင်းဝန်ဆောင်မှု


Naypyitaw Development Committee / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)     ဌာနမှသတ်မှတ်လျှောက်လွှာ (ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်၊ အနားလေးရပ်မှကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်၊ လိုင်စင်အင်ဂျင်နီယာ၏ခံဝန်ကတိများ ပြည့်စုံစွာပါရှိရမည်)၊

( ခ )     သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်မူရင်း

           (၁)       ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဒက္ခိဏသီရိကျောက်မျက်စျေးများအတွက် ယာယီမြေစလစ်မူရင်း

           (၂)       သပြေကုန်း၊ ရွှေကြာပင်နှင့် ညောင်ပင်ဝိုင်းရပ်ကွက်များ(ဇမ္ဗူသီရိမြို့နယ်)အတွက် မြေပေးမိန့် မိတ္တူ

           (၃)       ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များအတွက် မြေစာရင်းပုံစံ (၁၀၅၊၁၀၆)

           (၄)       ပုဗ္ဗသီရိအတွက် ဂရန်မိတ္တူ(မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန်)

( ဂ )     လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ၊

(ဃ)      လျှောက်ထားသူ၏လိုင်စင်ဓါတ်ပုံ (၁)ပုံ၊

( င )      လိုင်စင်ရအင်ဂျင်နီယာမှလက်မှတ်ရေးထိုးထားသောအဆိုပြုပုံစံ A-3 Size(၁)စုံ

( စ )      ၃ထပ်နှင့်အထက် အဆောက်အအုံများအတွက် အထက်ပါအချက်များအပြင် အောက်ပါအချက်များတင်ပြရန်-

             (၁)       အဆောက်အအုံ၏ခိုင်ခံ့မှုဆိုင်ရာတွက်ချက်မှု(Structural Design Drawings (A3size),Stractural Calculation(A4 size),and Soft Copy(Model)(Structural Design) တွက်ချက်ရာတွင် Myanmar National Building Code ပါထည့်သွင်းစဉ်းစားတွက်ချက်ရမည့် Design Factor များပြည့်စုံစွာထည့်သွင်းတွက်ချက်ရန်)

             (၂)       Design Load တွင် Gravity Load အပြင် Lateral Load (Earthquake Zone-3 နှင့် Wind Speed-80mph)ဖြင့်အနည်းဆုံးထည့်သွင်းတွက်ချက်ပေးရမည်။

             (၃)       မြေခံနိုင်အား စမ်းသပ်မှု (Soil Test Report)

(ဆ)       ၃ထပ်နှင့် အထက်အဆောက်အအုံများတွင် အထပ်တိုင်းအတွက် အရေးပေါ်ထွက်ပေါက်နှင့် လှေကားပါရှိရမည်။

( ဇ )      ၉ထပ်နှင့် အထက်အဆောက်အအုံများအတွက် မီးသတ်ဦးစီးဌာန၏အရေးပေါ်ထွက်ပေါက် နှင့် မီးဘေးလုံခြုံမှုစနစ်ကောင်းမွန်ကြောင်းထောက်ခံချက်ပါတင်ပြရန်။

မှတ်ချက်။ပြည့်စုံမှုရှိ/မရှိ စစ်ဆေးရန်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း အဆောက်အဦများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်ရရှိပြီးမှသာ ဆောက်လုပ်ရမည်ဖြစ်ပါသည်။ အဆောက်အဦဆောက်လုပ်ခွင့်ပြုချက်မရှိဘဲ အဆောက်အဦများဆောက်လုပ်ပါက နေပြည်တော်စည်ပင်သာယာရေးကော်မတီ တည်ဆဲဥပဒေအရ အရေးယူဆောက်ရွက်မည်ဖြစ်ပါသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အဆောက်အဦခွင့်ပြုမိန့်ရရှိရေးနှင့်ပတ်သက်၍ အင်ဂျင်နီယာဌာန(အဆောက်အအုံ)(၀၆၇-၄၁၄၂၉၇)သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

http://www.nptdc.gov.mm လျှောက်လွှာများ

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

အင်ဂျင်နီယာဌာန (အဆောက်အအုံ)

၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ။

အင်ဂျင်နီယာဌာန(အဆောက်အအုံ)

၀၆၇-၄၁၄၂၉၇

dispatch-box.debg@nptdc.gov.mm

Website လိပ်စာ

http://www.nptdc.gov.mm



Services (Online) - 0 items

No Data Available

HOT NEWS
January 4,