နောက်ခံသမိုင်းကြောင်း

ကိုလိုနီခေတ် ၁၉၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မေမြို့ (ပြင်ဦးလွင်) ၌ သမဝါယမမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။

၁၉၅၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံသမဝါယမနှင့် ကုန်စည် ဖြန့်ဖြူးရေးဝန်ကြီးဌာနကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

၁၉၆၂ ခုနှစ်၊ မတ်လ (၁၉) ရက်နှင့် (၆) ရက်နေ့များတွင် ထောက်ပံ့ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းခဲ့ပြီး၊ ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနဖြစ်လာခဲ့ပါသည်။

၁၉၆၅ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့စွဲပါ တော်လှန်ရေးကောင်စီကြော်ငြာချက်အမှတ် (၆၆) အရ ကုန်သွယ်ရေးဝန်ကြီးဌာနဟူ၍ သီးခြားဖွဲ့စည်းတည်ထောင်သောအခါ ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီး ဌာနသည် သမဝါယမဝန်ကြီးဌာနအဖြစ် သီးသန့်ပြောင်းလဲခဲ့သည်။

စက်မှုဝန်ကြီးဌာန လက်အောက်မှ ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းကော်ပိုရေးရှင်း ပါဝင်လာခဲ့သည်။ ၃၀-၃-၁၉၇၆ ရက်နေ့တွင် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

သမဝါယမဦးစီးဌာနဖွဲ့စည်းပုံကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၉/၃၁) အတည်ပြုချက်အရ ၁၉၉၁ ခုနှစ် ၊ အောက်တိုဘာလ (၃၀) ရက်နေ့မှ စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၄ ခုနှစ်၊ ဇူလိုင်လ (၇) ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ စာအမှတ်၊ ၂၁/ ၉၄ အဖရ ၉၄(၁၅) နဝတဖြင့် သမဝါယမပို့ကုန်သွင်းကုန်လုပ်ငန်း (Cooperative Export Import Enterprise) ကို ပို့ကုန်ပစ္စည်းများ တင်ပို့ခြင်းသာမက ပြည်ပဈေးကွက်သို့ ပို့ကုန်ပစ္စည်းအမယ်သစ်များ တိုးမြှင့်တင် ပို့ရန်၊ ပို့ကုန်လုပ်ငန်းမှရရှိသည့် နိုင်ငံခြားဝင်ငွေဖြင့် နိုင်ငံတော်အဖွဲ့အစည်းများ သမဝါယမအသင်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ လိုအပ်သော သွင်းကုန်ပစ္စည်းများ တင်သွင်းပေးရန်နှင့် ပြည်ပဈေးကွက်များ တိုးချဲ့နိုင်ရေးဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် သမဝါယမဝန်ကြီးဌာနတွင် ဖွဲ့စည်းခဲ့ပါသည်။ ထို သမဝါယမပို့ကုန်သွင်းကုန်လုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁) ရက်မှစ၍ သမဝါယမကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။

၃၁-၅-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၂) သဘောတူခွင့်ပြုချက်အရ သမဝါယမဒီဂရီကောလိပ်(သန်လျင်)နှင့် သမဝါယမကောလိပ် (စစ်ကိုင်း) ကို သမဝါယမတက္ကသိုလ် (သန်လျင်)နှင့် သမဝါယမတက္ကသိုလ် (စစ်ကိုင်း) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ သည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် သမဝါယမဝန်ကြီးဌာနကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာ စာအမှတ် (၁၄၀/၂၀၂၁)ဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနလက်အောက်တွင် သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပါဝင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလှမိုးမှ စတင် တာဝန်ထမ်း ဆောင်လျက်ရှိပါသည်။

 

မျှော်မှန်းချက်

သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်။

 

လုပ်ငန်းတာဝန်များ

သမဝါယမအသင်းများ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ ထွန်းကားစေရန်၊ အသက်မွေးဝမ်း ကျောင်းသင်တန်းများနှင့် နည်းပညာသင်တန်းများပေးရန်၊ ကျေးလက်အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန်နှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးရန်။

 

ရည်မှန်းချက်များ

(၁) ကျေးလက်ဒေသ အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန်နှင့် ကျေးလက်အသက် မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ပေးရန်၊

(၂) ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် စုပေါင်းဆောင်ရွက်နိုင်သည့် သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ် အောင်မြင်စေရေးဆောင်ရွက်ရန်၊

(၃) ထုတ်ကုန်များကို သမဝါယမစနစ်ဖြင့် တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်သူများ အတွက် အကျိုးများစွာဖြစ်ထွန်းစေရေး ဆောင်ရွက်ရန်၊

(၄) အရည်အသွေးမီထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ဈေးကွက်မြှင့်တင်ရေး အားပေး ဆောင်ရွက်ရန်၊

(၅) လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအရင်းအနှီးများကို ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ အလှူရှင်များနှင့် ချိတ်ဆက်ရယူပြီး ကျေးလက်ဖွံ့ဖြိုးရေးနှင့် သမဝါယမကဏ္ဍနှင့် ပြည်တွင်း ကုန်ကြမ်းအခြေခံတန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများကို ပံ့ပိုးကူညီမြှင့်တင်ပေးရန်၊

(၆) သမဝါယမလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ အရပ် ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ INGO/NGO များ၊ ဒေသခံပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(၇) သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်။

 

မူဝါဒများ

(က) သမဝါယမလုပ်ငန်းများနှင့်သမဝါယမစနစ်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ

(၁)သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သမဝါယမအသင်းများဖွဲ့စည်းခြင်း၊ ထိန်းကျောင်း တည့်မတ်ခြင်းနှင့် သမဝါယမပညာပေးလုပ်ငန်းများကို ဆောင်ရွက်မည်၊

(၂)ဆောင်ရွက်လျက်ရှိသည့် အသေးစားအရင်းအနှီးချေးငွေ၊ လယ်ယာသုံးစက်ကိရိယာ အရစ်ကျရောင်းချရေးလုပ်ငန်းများနှင့် သွင်းအားစုများရောင်းချခြင်း အပါအဝင် သမဝါယမလုပ်ငန်းများကို ပိုမို ဖွံ့ဖြိုးအောင်ဆောင်ရွက်မည်၊

(၃)သမဝါယမအသင်းသားမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေးနှင့် လူနေမှု အဆင့်မြှင့်တင် ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည်၊

(၄)နိုင်ငံတကာသမဝါယမအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်၊

(၅)ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုဆိုင်ရာ သမဝါယမအသင်းများအား အဆင့် မြှင့်တင်ရေး ဆောင်ရွက်မည်။

 

(ခ) ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ

(၁) ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် လမ်းတံတား၊ ကျေးလက်ကုန်ထုတ်လမ်းတံတား၊ ကျေးရွာတွင်းလမ်းတံတားများ၊ ကျေးလက်သောက်သုံးရေရရှိရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်၊

(၂) ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန်အတွက် မဟာဓာတ်အား လိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်၊

(၃) ကျေးလက်ဒေသတွင် အခြားလူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုဗဟိုပြုချဉ်းကပ်မှုနည်းလမ်းဖြင့် ဆောင်ရွက်သွားမည်။

 

(ဂ) ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ

(၁)ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ Skill-development လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် ကာကွယ်တုံ့ပြန်နိုင်စွမ်း အားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေး ကူညီဆောင်ရွက်သွားမည်၊

(၂)ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး၊ ကျား-မ တန်းတူညီမျှရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကျေးလက်ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်၊

(၃)ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ကာ သက်ဆိုင်ရာလုပ်ငန်းများတွင် ထိရောက်စွာ တာဝန်ပေးဆောင်ရွက်သွားမည်။

 

(ဃ) အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာမူဝါဒ

(၁) အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်စေ၍ ထုတ်ကုန်များအား အရည်အသွေးကောင်းမွန် မှန်ကန်မှုရှိအောင် ကူညီဆောင်ရွက် သွားမည်။

(၂) အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွင် အကျုံးဝင်သော ရက်ကန်းနှင့် ယွန်းထည်လုပ်ငန်းကို ဦးစားပေးပြီး မြန်မာ့ရိုးရာလက်မှုအနုပညာလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေး ဦးဆောင် ပေးသွားမည်။

(၃) အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထူထောင်နိုင်ရန်လိုအပ်သော အသက်မွေး ဝမ်းကျောင်းအတတ်ပညာများ သင်ကြားပို့ချရေးကို ပြည်တွင်းပြည်ပအဖွဲ့အစည်း အသီးသီးနှင့်ပေါင်းစပ်၍ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်။

 

(င) ငွေကြေးအရင်းအနှီးရရှိရေးနှင့် သွင်းအားစု ကူညီပံ့ပိုးရေးဆိုင်ရာမူဝါဒ

(၁) သမဝါယမလုပ်ငန်းများနှင့် ကျေးလက်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ငွေကြေးအရင်းအနှီး၊ ချေးငွေအထောက်အပံ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် သွင်းအားစုများ ရရှိစေရန် ကူညီဆောင်ရွက်ပေးမည်၊

(၂) ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ်ဘဏ္ဍာငွေ အရင်းအမြစ်များ ရရှိစေရန် ပြည်သူဗဟိုပြုနည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ၊ အသေးစားချေးငွေ၊ လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေများ ထူထောင်ဆောင်ရွက်ပေးမည်၊

(၃) ကျေးလက်နေပြည်သူများ၏ စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကျေးလက်ဒေသကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားမည်။

 

(စ) သုတေသန၊ ဖွံဖြိုးမှုနှင့် နည်းပညာဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒ

(၁) ကဏ္ဍအလိုက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနည်းပညာများ ပြန့်ပွားရေးကို ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်လာစေရေး အားပေးဆောင်ရွက်မည်၊

(၂) ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ခေတ်မီနည်းပညာများ အပြန်အလှန် ဖလှယ်ရရှိနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်၊

(၃) ကျေးလက်ပြည်သူများ၊ တောင်သူလယ်သမားသမဝါယမအသင်းသားများအား ပညာ ပေးလုပ်ငန်းများကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ အားလုံး၏ပူးပေါင်း ဆောင်ရွက်မှုဖြင့် တိုးမြှင့်ဆောင်ရွက်သွားမည်၊

(၄) အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများနှင့် ပန်း (၁၀) မျိုး အပါအဝင် ရိုးရာလက်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ အတွက် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်။

 

(ဆ) ကောင်းမွန်သောစီမံအုပ်ချုပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒ

(၁)မူဝါဒများရေးဆွဲခြင်းနှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် အစိုးရဌာနအချင်းချင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည်၊

(၂)ဝန်ဆောင်မှုကို ရှေးရှုသည့် ကောင်းမွန်သောစီမံအုပ်ချုပ်မှုယန္တရား တိုးတက်ဖြစ်ပေါ် စေရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် ထိရောက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်၊

(၃)ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှု (Transparency)၊ တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) တို့ဖြင့် ဆောင်ရွက်သွားမည်၊

(၄)ကောင်းမွန်သောစီမံအုပ်ချုပ်မှုကို ဖော်ဆောင်ရာတွင် ထိရောက်အကျိုးရှိစွာ ဆောင်ရွက် နိုင်စေရန် လုပ်ငန်းများကို စံချိန်စံညွှန်းများသတ်မှတ်ကာ e-government စနစ် ကျင့်သုံးပြီး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းနည်းစနစ်များကို ဆောင်ရွက် သွားမည်၊

(၅)လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီအဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့အပြင် လုပ်ငန်းခွင်အကြိုနှင့် လုပ်ငန်းခွင်သင်တန်း များ တိုးမြှင့်ဆောင်ရွက်သွားမည်။

 

လုပ်ငန်းစဉ်များ

 

(က)သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်

(၁) သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် သမဝါယမသဘော တရား၊ ကျင့်ဝတ်၊ အနှစ်သာရနှင့် သမဝါယမအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက် ပေးမည်၊

(၂) သမဝါယမအသင်းသစ်များအား သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဖွဲ့စည်းမှတ်ပုံတင်ပေးခြင်း၊ ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများ အားလည်း ကျစ်လစ်ခိုင်မာစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်၊

(၃) ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံလူတန်းစားများ၏ ဝင်ငွေရလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားအရင်းအနှီးချေးငွေအစီအစဉ် ဆောင်ရွက်ပေးမည်၊

(၄) တောင်သူလယ်သမားများသို့ လယ်ယာသုံး၊ ရေလုပ်ငန်းသုံးစသည့် စက်ကိရိယာများ နှင့် သွင်းအားစုများအား အရစ်ကျစနစ်ဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်၊

(၅) စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ အား သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်၍ လိုအပ်သည်များ ကူညီပေးခြင်း၊ ငွေကြေးပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်၊

(၆) သမဝါယမအသင်းများ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတို့ကို ထိရောက်စွာဆောင်ရွက်ပေးခြင်းဖြင့် သမဝါယမအသင်းများအား စွမ်းဆောင်မှု အဆင့်မြှင့်တင်ပေးမည်၊

(၇) သမဝါယမအသင်းများအား သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်း ကျောင်းတည့်မတ်ပေးခြင်း၊ သမဝါယမကျင့်ဝတ်၊ အနှစ်သာရနှင့် အခြေခံမူတို့ကို သိရှိ နားလည်စေရန် ဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်း အဆင့်ဆင့်ရှိ အမှုဆောင်များ၊ ဝန်ထမ်းများအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မည်၊

(၈) သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအရင်းအနှီးငွေကြေးများအား နိုင်ငံတကာမှ အကူအညီ၊ အထောက်အပံ့နှင့် ချေးငွေများရရှိအောင် ဆောင်ရွက်မည်၊

(၉) သမဝါယမအသင်းသားမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်၊

 

(ခ)ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်

(၁) စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကျေးလက်လမ်းများ၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ၊ ကျေးရွာတွင်းလမ်းတံတားများ တည်ဆောက်နိုင်ရေး ဆောင်ရွက်ပေးမည်၊

(၂) ကျေးလက်ဒေသသောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်၊

(၃) အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်နှင့်အညီ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးမည်၊

(၄) အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် အိုးအိမ်ပျက်စီး သွားသော ကျေးလက်နေပြည်သူများအတွက် ကျေးလက်ဒေသအိမ်ရာများ တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်၊

(၅) ကျေးလက်နေပြည်သူများကိုယ်တိုင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အသေးစားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ပေးမည်၊

(၆) ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှုမူဘောင် (Environmental and Social Management Framework) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

 

(ဂ) ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်

(၁) ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင်မြှင့်တင်ရေးသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပို့ချပေးမည်၊

(၂) ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး တို့အတွက် အစီအမံများထည့်သွင်းရေးဆွဲ ဆောင်ရွက်သွားမည်၊

(၃) ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေးအပြင် ကျား - မ တန်းတူညီမျှမှုရှိရေးတို့ကို ဦးစားပေးထည့်သွင်းဆောင်ရွက်သွားမည်၊

(၄) ကာကွယ်တုံ့ပြန်နိုင်စွမ်းအားကောင်းသည့် ကျေးလက်လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေးကူညီဆောင်ရွက်သွားမည်။

 

(ဃ)အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်

(၁) နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာဥပဒေများ ပေါ်ထွန်း လာစေပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးကို အားပေးကူညီ ဆောင်ရွက်မည်။

(၂) အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေးကို ဥပဒေနှင့် အညီ စနစ်တကျဆောင်ရွက်ပေးမည်။

(၃) အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်များ အရည်အသွေး ပြည့်မီရေးနှင့် ဘေးဥပါဒ် ကင်းရေးအတွက် သုတေသနဓာတ်ခွဲခန်းများ တည်ထောင် စမ်းသပ်ပေးသွားမည်။

(၄) ရက်ကန်းနှင့် ယွန်းထည်လုပ်ငန်း အတတ်ပညာများ ရေရှည်တည်တံ့ထွန်းကားရေးအတွက် ဒီပလိုမာအဆင့် တတ်မြောက်သူများနှင့် ကျွမ်းကျင်သူများကို လေ့ကျင့်မွေးထုတ်ပေး သွားမည်။

(၅) အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပို့ချပေးခြင်းနှင့် တန်ဘိုးမြှင့် ကုန်ထုတ် လုပ်ငန်းလေ့ကျင့်သင်ကြားရေးဌာန Incubation Center တည်ထောင်ဖွင့်လှစ်ပြီး အသေးစားလုပ်ငန်းရှင်များကို ပံ့ပိုးကူညီမွေးထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်။

(၆) မြန်မာ့ရိုးရာလက်မှုလုပ်ငန်းနှင့် အသေးစားလုပ်ငန်းထုတ်ကုန်များ ဈေးကွက်ဖွံ့ဖြိုးရေး အတွက် ကုန်စည်ပြပွဲများ အရောင်းပြခန်းများ စီစဉ်ဆောင်ရွက် ပေးသွားမည်။

 

(င) ငွေကြေးအရင်းအနှီးရရှိရေးနှင့်သွင်းအားစုကူညီပံ့ပိုးရေးဆိုင်ရာ လုပ်ငန်းစဉ်

(၁) ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးတက် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်သူဗဟိုပြုနည်းလမ်းဖြင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ (RevolvingFund)၊ အသေးစားချေးငွေ (Microfinance)၊ လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေ (Block Grant) များ ရရှိရေး အားပေးကူညီ ဆောင်ရွက်ပေးမည်၊

(၂) အသေးစားစက်မှုလက်မှုပစ္စည်းများ လွယ်ကူစွာရယူသုံးစွဲနိုင်ရန်အတွက် အဖွဲ့အစည်း များ၊ ဘဏ်များ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများနှင့်ချိတ်ဆက်၍ အရစ်ကျစနစ် ဖြင့် ရောင်းချခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်၊

(၃) သမဝါယမကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍနှင့် အသေးစားစက်မှုလက်မှုကဏ္ဍများ တိုးတက်စေရေးအတွက် ပြည်တွင်းပြည်ပမှ အကူအညီများ၊ အထောက်အပံ့များ၊ ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးဆောင်ရွက်သွားမည်။

 

(စ) သုတေသန၊ ဖွံဖြိုးမှုနှင့် နည်းပညာဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းစဉ်

(၁) ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျေးလက်ဒေသ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး ရေးအတွက် ဓါတ်ခွဲခန်းများ တည်ထောင်ဆောင်ရွက်သွားမည်၊

(၂) အရည်အသွေးမီ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်သွားမည်၊

(၃) သုတေသနလုပ်ငန်းများ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေး မည့် ရေတို၊ ရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်၊

(၄) သမဝါယမလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများတွင် ခေတ်မီသတင်းအချက်အလက်နည်းပညာများ တိုးမြှင့် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားမည်။

 

(ဆ)ကောင်းမွန်သောစီမံအုပ်ချုပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်

(၁) လုပ်ငန်းများကို စံချိန်စံညွှန်းများသတ်မှတ်ကာ e - government စနစ်ကျင့်သုံးပြီး သတင်းအချက်အလက်စီမံခန့်ခွဲရေးစနစ် (MIS)၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့်အကဲ ဖြတ်ခြင်းနည်းစနစ် (M&E) များကို ဆောင်ရွက်သွားမည်၊

(၂) ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တင်ဒါဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) တို့ဖြင့် ဆောင်ရွက် သွားမည်

(၃) ဌာနအဆင့်ဆင့်ရှိဝန်ထမ်းများအတွက် ဝန်ဆောင်မှုကို ရှေးရှုသည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာကိစ္စရပ်များနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ သင်တန်းပို့ချဆောင်ရွက်ပေးသွားမည်၊

(၄) ချမှတ်ထားသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/ တိုင်းဒေသကြီးအဆင့်ဆင့်တို့တွင်ရှိသော အစိုးရဌာနများနှင့် ပုဂ္ဂလိကများအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှု ကောင်းမွန်ရေးကို ဆောင်ရွက်သွားမည်၊

(၅) ချမှတ်ထားသော မူဝါဒနှင့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရန် ဌာနများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်ပေးခြင်းကို ဆောင်ရွက်သွားမည်၊

(၆) ဌာနလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသော ပုဂ္ဂလိကအဖွဲ့အစည်းများ၊ သမဝါယမ အသင်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် အားပေးကူညီသွားမည်။

 

ဖွဲ့စည်းပုံ