News & Media

Latest News - 73991 items

Public Opinion Analysis (AI) နည်းပညာသင်တန်းဆင်းပွဲကျင်းပ

Ministry of Information / Posted on March 29, 2024

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ Public Opinion Analysis (AI) နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ (၃၁) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ပြီး ပြန်လည်ရောက်ရှိ

Ministry of Information / Posted on March 29, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှကြီးမှူး၍ မတ် ၂၃ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံလွမ်ပရာဘန်မြို့၌ ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့်အစည်းအဝေး (The 31st Meet-ing of the ASEAN Socio-Cul-tural Community (ASCC) Coun- cil) သို့ တက်ရောက်ပြီး မတ် ၂၆ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on March 29, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ် ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ်ပေးပို့လျက်ရှိပါသည်။

အလုပ်သမားဆေးရုံကြီး (မန္တလေး) ၌ ကျောက်ကပ်တုသွေးသန့်စင်စက် လှူဒါန်းပွဲကျင်းပ

Ministry of Information / Posted on March 29, 2024

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အကျုံးဝင်အာမခံအလုပ် သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွယ်ကူထိရောက်စေရန်ရည်ရွယ်၍ အလုပ်သမားဆေးရုံကြီး (မန္တလေး) ကိုခုတင် (၁၅၀) ဆံ့ဆေးရုံကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အကြောအဆစ်ကုသမှုဌာန၊ သွားနှင့်ခံတွင်းကုသဌာန၊ မျက်စိကုသဆောင်၊ အရိုးကုသဆောင်၊ ဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ မေ့ဆေးဌာနနှင့် ခွဲစိတ် ကုသဆောင်ဟူ၍ ဆေးကုသဆောင်များထားရှိ ကုသပေးလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင်များကို ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

Ministry of Information / Posted on March 29, 2024

လတ်တလော အကြမ်းဖက်ဖြစ်စဉ်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များသို့ တိမ်းရှောင်ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင်များကို ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ဗထူး မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီတိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ်ပေးမှု လှည့်လည်ကြည့်ရှုအားပေး

Ministry of Information / Posted on March 29, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့သို့ သွားရောက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ယာယီ ရွှေ့ပြောင်း နေထိုင်သူများကို သက်ဆိုင်ရာမြို့နယ် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လိုအပ်သည့် အချက်အလက်များ စိစစ်မေးမြန်းအတည်ပြု ဆောင်ရွက်နေမှု၊ (၅) ဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနေမှုနှင့် ဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အချက်အလက်များမှန်ကန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်သွင်းဆောင်ရွက်ရေး၊ ၎င်းတို့၏အချက် အလက်များအား e-ID Server ရှိ အချက်အလက်များနှင့် စနစ် တကျ တိုက်ဆိုင်စိစစ်ဆောင်ရွက်ရေး မှာကြားသည်။

Newspapers Explore more >

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Mar 29, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on Mar 28, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 27, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။


Posted on Mar 26, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။


Posted on Mar 25, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Mar 24, 2024
HOT NEWS
January 4,