ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ Carlsberg Myanmar Co., Ltd မှ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ လာရောက်ရှင်းလင်းတင်ပြ

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ Carlsberg Myanmar Co., Ltd မှ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ လာရောက်ရှင်းလင်းတင်ပြ

Bago Region Government/ ပဲခူးမြို့ / August 06, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ သြဂုတ်လ(၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က Carlsberg Myanmar Co., Ltd မှ Mr. Christoph Vavrik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ လာရောက်ရှင်းလင်းတင်ပြသည်။

ရှေးဦးစွာ Carlsberg Myanmar Co., Ltd မှ Mr. Christoph Vavrik က မိမိတို့ကုမ္ပဏီသည် ဒိန်းမတ်နိုင်ငံမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် အမေရိကန်ဒေါ်လာ (၃၇)သန်းဖြင့် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခုအခါ အစိုးရ၏ ကူညီစောင့်ရှောက်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးချဲ့လာနိုင်ခဲ့ပြီ၍ ကျေးဇူးတင်ရှိပါကြောင်းနှင့် ထပ်မံ၍လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီး အောင်မြင်မှုရရှိနေသည်ကိုသိရှိရ၍ ဝမ်းမြောက်ပါကြောင်းနှင့် တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိနိုင်သည့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို မိမိတို့အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် Carlsberg Myanmar Co., Ltd မှ Mr. Christoph Vavrik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

​​​​​​​https://bagoregion.gov.mm/%e1%80%9d%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba-%e1%80%a6%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%94-159/

Newspaper

Vol. VII, No. 164, Sunday, 27 September 2020

Posted on Sep 27, 2020 Download

Vol. VII, No. 163, Saturday, 26 September 2020

Posted on Sep 26, 2020 Download

Vol. VII, No. 162, Friday, 25 September 2020

Posted on Sep 25, 2020 Download

Vol.VII, No. 161, Thursday, 24 September 2020

Posted on Sep 24, 2020 Download

Annoucements

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသော အသား (ဝက်၊ အမဲ၊ ဆိတ်) ထုတ်လုပ်ရောင်းချခွင့်အား စျေးခုံအများစနစ်အား အခြားနည်းဖြင့်လျှောက်ထားနိုင်ကြောင်း ကြော်ငြာခြင်း

Posted on Sep 23, 2020

Read more

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် တတိယအကြိမ်လေလံအောင်မြင်သူစာရင်း အသိပေးအကြောင်းကြားခြင်း

Posted on Sep 22, 2020

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် တတိယအကြိမ်လေလံအောင်မြင်သူစာရင်း အသိပေးအကြောင်းကြားခြင်း

Read more
BREAKING NEWS