အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


Ministry of Information/ Naypyitaw / July 27, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၆

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့် ၎င်းတို့၏ ဇနီးများအား ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ သည်။

ညစာစားပွဲသို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel ၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire ၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne (Retd)WWV RWP RSP USP Ndc psc MPhil ၊ ထိုင်းနိုင်ငံမှ H.E. Mr. Ruchakorn NAPAPORNPIPAT ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင့် ၎င်းတို့၏ ဇနီးများ၊ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများသည် M Gallery ဟိုတယ်၌ ခင်းကျင်းပြသထားသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၊ ရိုးရာအထိမ်းအမှတ်ပစ္စည်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်နှင့် ၎င်းတို့၏ ဇနီးများနှင့်အတူ ညစာကို ချစ်ကြည်ရင်းနှီးစွာ အတူတကွ သုံးဆောင်ကြသည်။

ညစာ သုံးဆောင်နေစဉ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မြန်မာ့ယဉ်ကျေးမှုအကအလှများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာအကများ၊ ဘင်းမ်စတက် ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြကြသည်။

ညစာစားပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများက သီဆိုကပြဖျော်ဖြေပေးကြသည့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Posted on Aug 31, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Posted on Aug 30, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Posted on Aug 28, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ သြဂုတ် ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ သြဂုတ် ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ သြဂုတ် ၂၆ ရက်၊ တနင်္လာနေ့။


Posted on Aug 26, 2024
AnnouncementsExplore more >

ပြည်သူများထံ အသိပေးပန်ကြားချက်

Posted on Aug 31, 2024

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

Posted on Aug 30, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

HOT NEWS
January 4,