၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်

Latest News - 101430 items

နိုင်ငံတော်နှင့် တပ်မတော်ဂုဏ်မြှင့်တင် အမျိုးသမီးများ စွမ်းစွမ်းတမံပါဝင်

Ministry of Information / Posted on December 14, 2025

အမျိုးသမီးများသည် အားနွဲ့သူများဖြစ်သော်ငြား နိုင်ငံအကျိုး၊ အများပြည်သူ အကျိုးစီးပွားအတွက်ဆိုလျှင် အမျိုးသားများနှင့်တန်းတူ ရင်ပေါင်တန်းဆောင်ရွက် နိုင်မှုများကို သမိုင်းကြောင်းတစ်လျှောက်တွင် တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင်သာမက နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင်ပါ ရှေ့တန်းမှနေ၍ စွမ်းစွမ်းတမံ ပါဝင်ထမ်းရွက်ခဲ့သည့် သမိုင်းမှတ်တမ်းများရှိသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign ဆောင်ရွက်

Ministry of Information / Posted on December 14, 2025

မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလှုံ့ဆော်မှု Campaign ကို နိုင်ငံတစ်ဝန်းလုံး ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်း နားမကြားသောကလေးများ ကျောင်းများသို့ လှည့်လည်ကြည့်ရှု

Ministry of Information / Posted on December 14, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသည့် ခဝဲခြံမျက်မမြင်ကျောင်း၌ မျက်မမြင်ကလေးများ စာမေးပွဲဖြေဆိုရန်ပြင်ဆင်နေမှု၊ လက်မှုပညာသင်ကြားနေမှု၊ မျက်မမြင်စာကြည့်တိုက်နှင့် မုန့်ဖုတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်အတွင်းရှိ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေ

Ministry of Information / Posted on December 14, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် အိမ်ရာခြောက်လုံးကို အဆောက်အအုံတစ်ခုချင်းအလိုက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ စာဆိုတော်​​နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ

Ministry of Information / Posted on December 14, 2025

မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ၁၃၈၇ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ငွေကျပ် ၁၄၅ သိန်း ကျော်တန်ဖိုးရှိ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများအား လှူဒါန်းသည်။ 

အမျိုးသားယဉ်ကျေးမှုအမွေအနှစ် မြန်မာ့တိုင်းရင်းဆေးနှင့် ဆေးပညာ

Ministry of Information / Posted on December 14, 2025

ဒေသနာနယ၊ နက္ခတ္တနယ၊ ဘေသဇ္ဇနယနှင့် ဝိဇ္ဇာဓရနယဟူသော နယကြီးလေးပါးအနက် တစ်ပါးပါးနှင့် အကျုံးဝင်၍ အသက်ရှည်ရာ အနာမဲ့ကြောင်း ပြုစုနိုင်သည့် ဆေးပညာမှာ မြန်မာ့တိုင်းရင်းဆေးပညာပင်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ပင်းယ၊ ကုန်းဘောင်စသည့် ခေတ်အဆက်ဆက်တွင် ထွန်းကားလာခဲ့ပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အားထားယုံကြည်သုံးစွဲခဲ့ကြသည့် ဆေးပညာလည်း ဖြစ်သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 14, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်


Anti-corruption Commission/ location / December 03, 2024


"If you would like to know more details, you can visit the link provided." =====>>>>>  Union Election Commission

HOT NEWS
January 4,