ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / May 15, 2020


၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်

(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်)

Coronavirus Disease 2019 (COVID-19)  ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။