ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များ ထုတ်ပြန်ခြင်း


Ministry of Information/ Naypyitaw / July 02, 2020


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၁၈  / ၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း  ၁၃   ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ   ၂   ရက်)

ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင်

စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို

သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များထုတ်ပြန်ခြင်း

              ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅၇(ခ) အရ အောက်ပါနေ့ရက်များကို ထုတ်ပြန်ကြေညာအပ်ပါသည်-

(၁)

ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်​ရေး အတွက်ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများတွင် စတင် ထုတ်ယူနိုင်မည့်နေ့ရက်

[ပုံစံ (၁၅)များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေး ဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာ သံရုံး Website များမှလည်း Download ရယူနိုင်ပါသည်]

၃.၇.၂၀၂၀

(၂)

ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်​ရေးအတွက်အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်

၁၆.၇.၂၀၂၀ မှ

၅.၈.၂၀၂၀

 

 

 

( လှသိန်း)

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်