အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် အသိပေးကြေညာချက်


Ministry of Foreign Affairs/ Nay Pyi Taw / March 19, 2020


(၁၈-၃-၂၀၂၀ ရက်၊ နေပြည်တော်)

အင်ဒိုနီးရှားအစိုးရအနေဖြင့် 2019 Novel Coronavirus (COVID-19) ရောဂါထိန်းချုပ်ရေး အစီအစဉ်သစ်များကို (၁၇-၃-၂၀၂၀) ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင်-

– အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လက်ရှိကျင့်သုံးလျက်ရှိသည့် ဗီဇာကင်းလွတ်ခွင့်၊ ဆိုက်ရောက် ဗီဇာ (Visa-on-arrival) ၊ သံတမန်/ ဝန်ထမ်း (Diplomatic/Service) ဗီဇာကင်းလွတ်ခွင့်များအား တစ်လ ဆိုင်းငံ့သွားမည်ဖြစ်ပြီး နိုင်ငံအားလုံးအတွက် အကျုံးဝင်ပါကြောင်း၊

– အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအနေဖြင့် ခရီးစဉ်၏ ရည်ရွယ်ချက်အလိုက် သက်ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးများတွင် ဗီဇာလျှောက်ထား ရယူသွားကြရန် လိုအပ်ကြောင်း၊ ယင်းသို့ လျှောက်ထားရာတွင် သက်ဆိုင်ရာ နိုင်ငံများရှိ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်များမှ ထုတ်ပေးသည့် ကျန်းမာရေးထောက်ခံချက် (Health Certificate) ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း၊

– အထက်ပါစီမံချက်များမှာ ၂၀-၃-၂၀၂၀ ရက်နေ့၊ အင်ဒိုနီးရှား စံတော်ချိန် (GMT+7) ၀၀၀၀ နာရီမှ စတင်၍ အာဏာသက်ဝင်မည် ဖြစ်ပါကြောင်း၊

– အဆိုပါ စီမံချက်များမှာ ယာယီဖြစ်ပြီး COVID-19 အခြေအနေ တိုးတက်ကောင်းမွန်လာမှုအပေါ် မူတည်၍ ချင့်ချိန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း

ဖော်ပြထားသည်ကို သိရှိရပါသည်။