ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြေသားစမ်းသပ်မှုဆိုင်ရာ ညွှန်ကြားချက်


Yangon City Development Committee/ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / March 14, 2019


မြေသားစမ်းသပ်မှုဆိုင်ရာ ညွှန်ကြားချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆောက်လုပ်မည့် ၃ထပ်နှင့် အထက်အဆောက်အအုံများ ဆောက်လုပ်ခွင့်တင်ပြရာတွင် အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့(CQHP) ထောက်ခံချက်ဖြင့် မြေသားစမ်းသပ်မှု လုပ်ငန်း လိုင်စင်ရရှိထားသည့် ကုမ္ပဏီများမှ တင်ပြလာသော မြေသား စမ်းသပ်မှုလုပ်ငန်းဆိုင်ရာ အစီရင်ခံစာ (Soil Investigation Report) များကို လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြေသားစမ်းသပ်မှုလုပ်ငန်းနှင့်ပတ်သက်ပြီး ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် CQHP အဖွဲ့နှင့်ဌာနဆိုင်ရာအဖွဲ့များ စုပေါင်းဆွေးနွေးသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ မြေသားစမ်းသပ်မှုလုပ်ငန်းဆောင်ရွက်ရာတွင် မြေသားစမ်းသပ်မှု လုပ်ငန်းလိုင်စင်ရကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါအချက်များကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ ဖြည့်စွက်လိုက်နာဆောင်ရွက်ရန် အသိပေး ကြေညာအပ်ပါသည်-

(က)
Soil Report သက်တမ်းအား မြေသားစမ်းသပ်သည့်အချိန်မှစ၍ ၄ နှစ် သက်တမ်း အထိသာ အကျုံးဝင်သည်ဟု သတ်မှတ်ရန်။
(ခ)
စတုရန်းပေ ၂၅၀၀ နှင့် အောက်ရှိသောမြေကွက်များအတွက် မြေသားစမ်းသပ် ရမည့် Bore Hole အရေအတွက်အား အနည်းဆုံး ၂ ကျင်း စမ်းသပ်ရန်။
(ဂ)

စတုရန်းပေ ၂၅၀၀ နှင့် ၅၀၀၀ ကြားရှိသောမြေကွက်များအတွက် မြေသား စမ်းသပ်ရမည့် Bore Hole အရေအတွက်အား အနည်းဆုံး ၃ ကျင်း စမ်းသပ်ရန်။

(ဃ)
စတုရန်းပေ ၅၀၀၀ နှင့် အထက်ရှိသော မြေကွက်များအတွက် မြေသားစမ်းသပ် ရမည့် Bore Hole အရေအတွက်အား ပထမမူလ စတုရန်းပေ ၅၀၀၀ အတွက် ၃ ကျင်း နှင့် ၅၀၀၀ ထက်ပိုသော စတုရန်းပေအတွက် စတုရန်းပေ ၅၀၀၀ လျှင် ၁ ကျင်း နှုန်းဖြင့် စမ်းသပ်ရန်။

 

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
အင်ဂျင်နီယာဌာန(အဆောက်အအုံ)