Latest News

Terrorists carried out inhumane acts using explosive devices by capitalizing on unguarded moments of security personnel

Ministry of Home Affairs / Posted on April 16, 2024

In order to cause injuries to both peaceable civilians and administrative authorities who are striving to restore the rule of law, extreme......

Administrative officials and innocent civilians were killed by so-called PDF terrorists using guns and knives

Ministry of Home Affairs / Posted on April 16, 2024

In some townships across States and Regions, armed terrorists driven by a radicalized ideology that considers “Anyone with differing

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကံဦးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၅၇/၃)နှင့် (၂၅၇/၄) ကြားတွင် ယာဉ်တစ်စီး တိမ်းမှောက်မှု

Ministry of Home Affairs / Posted on April 15, 2024

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကံဦးကျေးရွာအနီး .............................

Newspaper

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ


Ministry of Information/ Naypyitaw / October 15, 2021


 

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား

 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက်ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆို ခဲ့သည့် (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ပင် ဖြစ်ပါသည်။ ရဟန်းရှင်လူပြည်သူအပေါင်းနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး အေးချမ်းသာယာသော လူမှုဘဝများ ပိုင်ဆိုင်နိုင်ကြ ပါစေကြောင်းနှင့် နိုင်ငံတော်အကျိုး၊ ပြည်ထောင်စုအကျိုး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ဆတက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါသည်။

 

“မပြောဘဲနေတာ ကြာလာတဲ့အခါ မစဉ်းစားဖြစ်ဖို့လည်း ပိုပြီး လွယ်လာတယ်” ဆိုတဲ့ စကားရပ်အတိုင်း အမိနိုင်ငံအတွက် အဓိက လိုအပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ရပ်တန့်နေ၍ မဖြစ်နိုင်ပါ။ ပြောနေ၊ ဆိုနေ၊ ညှိနှိုင်းနေမှ မည်ကဲ့သို့ တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် စဉ်းစားချက်၊ တွေးခေါ်ချက်များ သက်ဆိုင်ရာ အဖွဲ့အစည်းများ၌ အစဉ်အမြဲ ကိန်းအောင်းနေမည် ဖြစ်ပါသည်။

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မိမိတို့နိုင်ငံ၏ (၇၅) နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ ထို့အတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် မိမိတို့နိုင်ငံ၏ စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည်။ တိုင်းပြည်တစ်ပြည်အတွက် အရေးကြီးသည့် သမိုင်း ဖြစ်စဉ်ဖြစ်ရပ်၊ နေ့ရက်ကြီး ၂ ခုမှာ စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေသက်တမ်းစံနှုန်းဖြင့် တွက်ချက်ပါက လူတစ်ယောက်၏ သက်တမ်းတစ်ခုစာ ရှိပြီဖြစ်သည်။ “အတိတ်ကို မသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန်နိုင်သည်။ ထို့အတူ အတိတ်ကို အစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက်နိုင်သည်” ဆိုသည့် စကားရပ်အား သတိချပ်စေလိုသည်။ နိုင်ငံတော်အစိုးရသည် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့၊ စိန်ရတုလွတ်လပ်ရေးနေ့ မတိုင်မီ၌ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ရေးအတွက် လုပ်ဆောင်မည့် လုပ်ငန်းရပ်များ ချမှတ်ခြင်း၊ တိုင်းရင်းသားများ ပါဝင်သည့် ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်တွေ့ လုပ်ငန်းရပ်များ ဆောင်ရွက်ခြင်းဆိုသည့် အဆင့် ၃ ဆင့်အား နိုင်ငံတော်အစိုးရသည် အဆင့်လိုက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းကိစ္စများတွင် တိုင်းရင်းသားပြည်သူလူထုနှင့် ပါဝင်ပတ်သက်ရမည့် အစုအဖွဲ့များ အားလုံးထံမှ အကြံပြုချက်များရယူခြင်း၊ အသိပေးခြင်းနှင့် ပညာပေးခြင်းများအား ဆောင်ရွက်မည် ဖြစ်သည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျ တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သည် စစ်ရေးဆိုင်ရာလှုပ်ရှား မှုများ ရပ်တန့်ပေးထားမည့် ထုတ်ပြန်ချက်များအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ ၃၀-၉-၂၀၂၁ ရက်နေ့အထိ ၂၀ ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုသည့်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ငန်းများအား ပိုမိုတိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅လကြာ ထပ်မံတိုးမြှင့် ရပ်စဲကြောင်း ကြေညာထားပြီး ဖြစ်သည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရာတွင်

 

(၁) သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်ရေး ဆောင်ရွက်ခြင်း။

 

(၂) အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်၊ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရေး အဖွဲ့များနှင့် ဆွေးနွေးခြင်း။

 

(၃) NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို NCA လက်မှတ် ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်း လာစေရေး၊ နှစ်ဖက်သဘောတူညီချက်များ ရရှိရေး စတဲ့ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိပါသည်။

 

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများသည် လက်ရှိအစိုးရအား ရွေးကောက်ခံအစိုးရ မဟုတ်သည့်အတွက် တွေ့ဆုံ ဆွေးနွေးရန်မလိုဟူသည့် အယူအဆများ၊ ငြိမ်းချမ်းရေးအား အပြည့်အဝ ဖော်ဆောင်ပေးနိုင်မည် မဟုတ်ဆိုသည့် အယူအဆများအပေါ်၌ စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ရန် လိုပါသည်။ ၁၉၈၈ ခုနှစ် နောက်မှစ၍ တပ်မတော်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ အောင်မြင်မှု၊ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းမှု၊ တိုင်းရင်းသား နယ်မြေများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုများသည် ပြယုဂ်ပင်ဖြစ်ပါသည်။ အဆိုပါအဖွဲ့များ အနက် အများစုမှာ NCA လက်မှတ် ရေးထိုးနိုင်ခဲ့သည်မှာ လက်တွေ့ ပင်ဖြစ်သည်။ အစိုးရများ မည်မျှပင် ပြောင်းပြောင်း မိမိတို့နိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံပင်ဖြစ်သည်။ အစိုးရနှင့်နိုင်ငံတော်ကို ယုတ္တိ ကျကျ ခွဲခြားမြင်နိုင်ဖို့လိုပါသည်။ အစိုးရဆိုသည်ထက် မိမိတို့ အားလုံးသည် ပြည်ထောင်စုမြန်မာ နိုင်ငံအပေါ် သစ္စာရှိရန်၊ နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် ရိုးသားစစ်မှန်သည့် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ရန်သည် အဓိကဖြစ်သည်။ အားလုံးက We are Myanmar ဆိုသည့် စိတ်ဓာတ်အပေါ် အရင်းခံစေလိုပါသည်။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ်ပိုမိုခိုင်မာစေရေး၊ NCA စာချုပ်၌ လက်မှတ် မရေးထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သည် လက်ရှိအခြေအနေထက်ပိုမိုသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးအဆင့် တစ်ဆင့်သို့ တက်လှမ်းနိုင်ရေး၊ ထို့နောက် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ထပ်မံ၍ လေးနက်စွာဖိတ်ခေါ်ပါသည်။ အားလုံးက စိန်ရတုပြည်ထောင်စုနေ့ သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်ပေးကြစေလိုပါသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် “နိုင်ငံတော် တည်ဆောက်ရာမှာ အချက် ၂ ချက်ကို အဓိကထား၍ အလေးထား ဆောင်ရွက်လျက်ရှိပြီး ပထမအချက်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက် ရှိကြောင်း၊ ဒုတိယအချက်အနေနဲ့ တိုင်းပြည်သာယာ ဝပြောရေးနဲ့ စားရေရိက္ခာပေါများရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း ” ပြောကြားခဲ့ပြီးဖြစ်သည်။ ၎င်းသည် မိမိတို့အစိုးရမှ ဆက်လက်ဆောင်ရွက်သွားမည့် ဦးစားပေးနိုင်ငံရေးမူဝါဒပင် ဖြစ်ပါသည်။ ယင်းအချက်၂ချက်သည် အပြန်အလှန် ဆက်စပ်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။

 

မိမိတို့ ပြည်ထောင်စုသမ္မတနိုင်ငံတော်သည် ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီးနောက် ပထမအစိုးရကာလ၌ ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက်ရေးအတွက် အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်နိုင်ရေး အတွက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်ထိ NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီးဖြစ် သည်။ အဆိုပါအဖွဲ့များနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှု၊ စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်များအား ထပ်လောင်း အသိအမှတ်ပြုအပ်ပါသည်။

 

ယနေ့ကာလသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီ၏ မဲမသမာမှုများအပေါ် တပ်မတော်နှင့် နိုင်ငံရေးပါတီများမှ ညှိနှိုင်းဆွေးနွေးအဖြေရှာရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့သဖြင့် တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ နိုင်ငံတော်တာဝန်အား ထိန်းသိမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဦးဆောင်နေသည့်ကာလ ဖြစ်ပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အားတာဝန်ယူပြီးသည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉) ရပ်အား ချမှတ် ဆောင်ရွက်လျက်ရှိရာ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အလေးထားလုပ်ဆောင်လျက် ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေး ကော်မတီတို့ကို ဖွဲ့စည်းခဲ့သည်။ လက်ရှိကာလတွင် ညှိနှိုင်းရေး ကော်မတီသည် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများတို့ကို စုစုပေါင်း ၂၁ ကြိမ်တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့်မှုမရှိအောင် အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

 

နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား တိုးမြှင့် ဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအား မလိုလားသည့် နိုင်ငံအား ဖျက်လိုဖျက်ဆီးလုပ်လိုသည့် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများ၊ မီဒီယာများနှင့် အာဏာကို အကြမ်းဖက်နည်းဖြင့် ရယူလိုသည့် NLD ပါတီအစွန်းရောက်များ၊ NUG CRPH နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် နိုင်ငံတော်၏ ဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအား ထိခိုက်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အတွက် အတိုင်းအတာတစ်ခုအထိ အဟန့်အတားဖြစ်ပေါ်စေလျက် ရှိသည်။ နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမထိခိုက် စေရန် သဘောထားကြီးစွာဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက် လျက်ရှိရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည်လည်း အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ငြိမ်းချမ်းရေး လမ်းကြောင်းမှ သွေဖည်မသွားစေရန် အထူးသတိပြုကြစေလိုပါသည်။

 

မိမိတို့အစိုးရသည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံရေး လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ယင်းအတွက် မိမိတို့အစိုးရမှ ခိုင်ခိုင်မာမာအာမခံပြီး ဖြစ်သည်။

 

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် ယုံယုံကြည်ကြည်နှင့် ခိုင်မာစွာ ဆက်လက်လျှောက်လှမ်းခြင်းဖြင့် နိုင်ငံတော်အစိုးရမှ လက်ရှိ ဦးတည်သွားနေသည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ များအား သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ပြီး ပြည်သူမှရွေးချယ်ပေးသည့် ဒီမိုကရေစီအစိုးရသစ် တစ်ရပ် ပေါ်ပေါက်လာရေးအား အားပေးကူညီရာရောက်မည်ဖြစ်သည်။

 

လက်ရှိအခြေအနေသည် တစ်ကမ္ဘာလုံး ကိုဗစ် -၁၉ ကပ်ရောဂါအား ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစတင်၍ ယခုအထိ ခံစားနေရသည့် ကာလဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် “ပြည်သူလူထု၏ အသက်ထက်အရေးကြီးတာ ဘာမျှမရှိ” ဟူသော မူဝါဒနှင့် “ပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားများ သာမက လူမျိုးဘာသာမရွေး လူသားအားလုံးကို ကျန်းမာရေး စောင့်ရှောက်မှု တန်းတူညီတူ အခွင့်အရေး ရရှိစေရမည်” ဟူသည့် မူဝါဒများချမှတ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူလူထု တစ်ရပ်လုံး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ရှိသမျှခွန်အား၊ စွမ်းအားများဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသာမက NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တည်ရှိရာ ဒေသများရှိ ပြည်သူများ၊ တိုက်ပွဲ ရှောင်စခန်းရှိ ပြည်သူများအတွက်ပါမကျန် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် ရောဂါ ဖြစ်ပွားမှု ရာခိုင်နှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသိသာသာ ကျဆင်း လာလျက်ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါသည်။

 

မိမိတို့အစိုးရသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတံခါးဖွင့်လှစ်ထားရှိကြောင်း အတိအလင်း ကြေညာထားပြီးဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရတာဝန်အား ရယူထားချိန်ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအား အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့်အစိတ်အပိုင်းများ ဆောင်ရွက်နိုင်ပါသည်။ လက်ရှိနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များမရှိသည့်အတွက်ကြောင့် ဆောင်ရွက်၍မရနိုင်ဟု ထင်မြင်ယူဆဖွယ်ဖြစ်သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပ ပြီးစီးချိန်တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကသာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ ဖြစ်လာမှာဖြစ်သည့်အတွက် ယခုကာလ၌ မိမိတို့အနေဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား သက်ဆိုင်သူများနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းအားဖြင့် ပိုမိုခရီးရောက်စေမည်ဖြစ်သည်။

 

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာတွင် သက်ဆိုင်သူအားလုံးနှင့် ပြည်သူ လူထုတစ်ရပ်လုံး၏ နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုက အခြေခံအကျဆုံးဖြစ်ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံရေးရင့်ကျက်ရန် လိုအပ်မှုများကြောင့် အမိမြန်မာနိုင်ငံတော်ကြီး တိုးတက် သင့်သလောက် မတိုးတက်ခဲ့သည်ကို သင်ခန်းစာယူရပါမည်။ မိမိတို့ လက်ထက်၌ ၎င်းကိစ္စကို ကျော်လွှားနိုင်အောင် ကြိုးစားကြရပါမည်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် “ပညာပြည့်ဝ၊ နှလုံးလှသော” နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးမှုကို တည်ဆောက်ကြရပါမည်။ ချစ်ခင်လေးစားအပ်ပါသော ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြပါရန် သဝဏ်လွှာ ပေးပို့တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဥက္ကဋ္ဌ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး

ဖော်ဆောင်မှုဗဟိုကော်မတီ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023