စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ


Ministry of Information/ Naypyitaw / June 23, 2025
image_latest


နေပြည်တော် ဇွန် ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကလေးစာပေတတိယဆုရရှိသည့် စာရေးသူခိုင်ချစ်အောင်၏ “ညီနောင်သုံးဖော်နှင့်ကလေးကဗျာများ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ကဗျာပုဒ်ရေ ၇၉ ပုဒ် ပါဝင်သည်။ ကလေးတို့နှင့်ရင်းနှီးကျွမ်းဝင်လှသော ဝလုံးကလေး၊ နေလုံးကလေး၊ ဖိုးလမင်းကလေးတို့သည် ဝိုင်းဝိုင်းစက်စက်နှင့် ပုံသဏ္ဌာန်ချင်းတူညီလှသဖြင့် ညီအစ်ကိုနောင်ရင်းများဖြစ်ကြသည်။ ညီအစ်ကိုနောင်ရင်းအချင်းချင်း ရင်းနှီးချစ်ခင်စည်းလုံး ကြရမည်ဟူသော နှိုးဆော်တိုက်တွန်းထားသည့် စာအုပ်၏ ခေါင်းစဉ်ကလေးကဗျာလေးကပင် တစ်မျိုးဆန်းသစ်၍ နေပေသည်။ ကလေးတို့ အမြဲတစေတွေ့မြင်နေကျဖြစ်သည့် အသီးအနှံကလေးများ၊ တိရစ္ဆာန်ကလေးများကို တင်စားချက်အမျိုးမျိုးဖြင့် ဖွဲ့ဆိုထားသောကဗျာလေးများ၊ စိတ်နေသဘောထား လိမ္မာယဉ်ကျေးလာစေရေးအတွက်ဖွဲ့ဆိုသော ကဗျာများ၊ နိုင်ငံတော်၏ ရေမြေတောတောင် သဘာဝအလှအပကို ဖွဲ့ဆိုထားသောကဗျာများ အစရှိသည်ဖြင့် အကြောင်းအရာစုံလင်သော ကလေးကဗျာစာအုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၂၅ဝဝ ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင်ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင်ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video