ဒုတိယဝန်ကြီး ဦးမြင့်စိုး အပြာရောင်အဆင့် ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအဆောင်များ အခြေအနေ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမြင့်စိုး အပြာရောင်အဆင့် ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအဆောင်များ အခြေအနေ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 23, 2025
နေပြည်တော် ဇွန် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအဆောင်များ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပေးအပ်
ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ နေထိုင်လျက်ရှိသည့် သဇင်(၁) အဆောင်(၆)သို့ သွားရောက်ပြီး နေထိုင်ရေးအဆင်ပြေမှုရှိ မရှိနှင့် လျှပ်စစ်မီး၊ သောက်သုံးရေရရှိမှုတို့ကို စိစစ်မေးမြန်းပြီးလိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန ဝန်ထမ်းများနေထိုင်လျက်ရှိသော သဇင်(၄) အဆောင်(၇)နှင့် (၈) အခြေအနေကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများနေထိုင်လျက်ရှိသော သဇင်(၄) အဆောင်(၉) အခြေအနေကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ နေထိုင်လျက်ရှိသော သဇင်(၆) အဆောင်(၅) အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ အဆောင်ပတ်ဝန်းကျင် သန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်သွားကြရန်၊ သတ်မှတ်ထားသော အဆောင်စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ရန်မှာကြား၍ ဦးစီးဌာနအလိုက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ ခန့်ထားခြင်း
Ministry of Information / Posted on April 10, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ ခန့်ထားခြင်း
