နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို
နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / January 15, 2025
ဘားအံ - ဇန်နဝါရီ (၁၅)
ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံကိုပြုပြင်ပြောင်းလဲတည် ဆောက်နေသောကာလတွင် ပညာပြည့်ဝပြီးအမြင်ကျယ်ကာ သဘောထားကြီးသည့် လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာရန် ပညာရေးကဏ္ဍသည် အရေး ပပြီး ပညာဆည်းပူးနေကြသောလူငယ်လူရွယ်များအရည်အသွေးမြင့်မား၍ အမြော်အမြင်ရှိပြီး ဆင်ခြင်တုံတရား ပြည့် ဝသည့်လူသားကောင်းများဖြစ်လာစေရန်၊ ပညာဟူသည့်မိတ်ဆွေကောင်းနှင့်ပေါင်းဖက်မိအောင်ကြိုးစားကြရန်၊ နိုင်ငံ နှင့်လူမျိုးအတွက်ဂုဏ်တင့်တယ်ပြီး ဉာဏ်ရည်၊နှလုံးရည်တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်မှု စွမ်းအားမြင့်မားသည့်ထူးချွန် ထက်မြတ်သော ပညာမျိုးဆက်များဖြစ်ကြပါစေကြောင်း၊ နိုင်ငံတော်ကိုကောင်းကျိုး ပြုမည့်အရည်အသွေးမြင့်မား သည့်လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ဇော်လတ်က သင်ကြားသင်ယူနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နည်းပညာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြကာ တက္ကသိုလ် King & Queen ကို ရွေးချယ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဥ္စမနှစ် အောင်မြင်ခဲ့ကြသော ထူးချွန်ကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုဆုများကိုလည်းကောင်း၊ သီဆိုကပြ ဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုဆုများကိုလည်းကောင်း၊ ကရင်ပြည်နယ်ကြက်ခြေနီကြီး ကြပ်မှုကော်မတီ ဥက္ကဋ္ဌကအထောက်အကူပြုပစ္စည်းများကို နည်းပညာတက္ကသိုလ်ကြက်ခြေနီအသင်းခွဲထံသို့ လည်း ကောင်း၊ တက္ကသိုလ် King & Queen ရရှိကြသူများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ ပထမနှစ်ကျောင်းသား/သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။




Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းအား ထပ်မံရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း
Ministry of Defense / Posted on February 18, 2026
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
Ministry of Defense / Posted on January 15, 2026
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Ministry of Information / Posted on February 11, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
