ပေါက်ခေါင်းမြို့နယ် ကျွဲပေါင်ပင်ကျေးရွာ၌ VDP စီမံကိန်းလုပ်ငန်းများပြီးစီးမှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / June 09, 2026
image_latest


ပေါက်ခေါင်းမြို့နယ် ကျွဲပေါင်ပင်ကျေးရွာ၌ VDP စီမံကိန်းလုပ်ငန်းများပြီးစီးမှုစစ်ဆေး
=====================================
ပေါက်ခေါင်း၊ ဇွန်-၉
 
      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်ရက်(၁၀၀) စီမံချက်ဖြင့် ကျွဲပေါင်ပင်ကျေးရွာအုပ်စု၊ ကျွဲပေါင် ပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကျောက်ရောမြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီး စီးနေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယ နေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြ ကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ‌ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် ဝန်ထမ်းများ မှ ကျေးရွာကော်မတီဝင်များနှင့်အတူ ကျွဲပေါင်ပင် ကျေးရွာ၌ ကျေးရွာတွင်းလမ်းကျောက်ရောမြေနီ ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအ နေများကို ကြည့်ရှု့စစ်ဆေးကြပြီးနောက် ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီးကျေးရွာလမ်း အား အကျိုးရှိစွာအသုံးပြုကြရန်နှင့်ရေရှည်အသုံး ပြုနိုင်ရေးသက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်း သိမ်းပေးကြရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသိရ သည်။
     ပေါက်ခေါင်းမြို့နယ် ကျွဲပေါင်ပင်ကျေးရွာ၌ အရှည် ၁၈၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မရှိသော ကျေးရွာတွင်းလမ်းကျောက်ရော မြေခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၅၀ ၊ကျေးရွာကျေးရွာသားများ၏လုပ်အား ပါဝင်မှုဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခု အခါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအား လုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် ကျွဲ ပေါင်ပင်ကျေးရွာရှိ အိမ်ခြေ ၁၁၂ အိမ်မှ လူဦးရေ ၄၅၄ ဦးတို့၏ သွားလာရေးလွယ်ကူနေပြီဖြစ် ကြောင်း ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းထံမှ သိရသည်။
ကိုညို(ကျေးလက်)

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

Ministry of Information / Posted on June 08, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

Ministry of Ethnic Affairs / Posted on June 08, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Ministry of Information / Posted on June 04, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

Video