ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

Ministry of Information/ Naypyitaw / December 07, 2025
နေပြည်တော် ဒီဇင်ဘာ ၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ/ အဆောင်များ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့် လျာထားချက်အတိုင်း လုပ်ငန်းများပြီးစီးနိုင်ရေး အင်တိုက်အားတိုက်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရာတွင်လည်း အရည်အသွေးစံချိန်စံညွှန်းပြည့်မီပြီး ငလျင်ဒဏ်ခံနိုင်အောင် အလေးထားဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ မိမိတို့နေထိုင်ရာ မူလနေရာများတွင် အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံဝင်းအတွင်း၌ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် Container House များတွင် နေရာချထားမှုနှင့် လက်ရှိနေထိုင်နေမှု အခြေအနေ၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးများ သွယ်တန်းထားရှိမှုနှင့် သွားလာမှုအဆင်ပြေစေရေး အဝင်/ အထွက်လမ်းများ ဖောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျနေထိုင်သွားရန်နှင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on December 06, 2025
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ