လူငယ်များ ဘောလုံးအားကစားကို ပိုမိုချစ်ခင်မြတ်နိုးစေမည့် AFC Grassroots Football Day ကျင်းပ


Ministry of Information/ Naypyitaw / May 24, 2026
image_latest


ရန်ကုန် မေ ၂၃

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့၏ လူငယ်များဘောလုံးအားကစားကို ပိုမိုချစ်ခင်မြတ်နိုးစေမည့် အစီအစဉ်အရ AFC Grassroots Football Day အခမ်းအနားကို မေ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် AFC Grassroots Football Day ၌ ပါဝင်ဆင်နွှဲမည့် ကလေးငယ်များ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီး အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။ ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ အမှုဆောင်များနှင့် တာဝန်ရှိသူများက ကလေးငယ်များအား လိုက်လံနှုတ်ဆက်ပြီး ဘောလုံးများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက်တက်ရောက်လာသည့် ကလေးငယ်များက AFC Grassroots Football Day အစီအစဉ်တွင်ပါဝင်ဆင်နွှဲပြီး မြန်မာလူငယ်လက်ရွေးစင် အသင်းများမှ ကစားသမားများက ယင်းအစီအစဉ်တွင် ပါဝင်ကူညီကြသည်။ AFC Grassroots Football Day တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၃၅၀ ဝန်းကျင် တက်ရောက်ဆင်နွှဲကြသည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - စိုးညွန့်သော်

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video