ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၂၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ဝန်ကြီး အဆင့် အစည်းအဝေးသို့ တက်ရောက်
NEWS & VIDEOS
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၂၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ဝန်ကြီး အဆင့် အစည်းအဝေးသို့ တက်ရောက်
Ministry of Information/ နေပြည်တော် / December 01, 2020နေပြည်တော် ဒီဇင်ဘာ ၁
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ဆွေးနွေးသည်။
အစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan နှင့် ဒုတိယဥက္ကဋ္ဌ ဥရောပကော်မရှင်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Mr. Josep Borrell တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ပြီး၊ အာဆီယံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် (၂၇) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၊ကိုယ်စားလှယ်များနှင့်အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက် ခဲ့ကြ သည်။
အစည်းအဝေးတွင် အာဆီယံ-ဥရောပသမဂ္ဂ ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မြဲစေရေး ကိစ္စရပ်များ၊ အာဆီယံနှင့် ဥရောပသမဂ္ဂအကြားလွတ်လပ်သော ကုန်သွယ်မှုစာချုပ်ချုပ် ဆိုနိုင်ရေးအတွက် မူဘောင်သဘောတူ ညီချက်ကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင် နိုင်ရေးနှင့် အာဆီယံ-ဥရောပသမဂ္ဂဘက်စုံလေကြောင်း ဝန်ဆောင်မှုစာချုပ်(ASEAN-EU Comprehensive Air Service Agreement - CATA) အမြန်ဆုံးထွက်ပေါ်လာရေး အခြေအနေများ အပြင်ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင် ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်း အဝေးတွင် အာဆီယံ-ဥရောပသမဂ္ဂ ဆွေးနွေးဖက်ဆက်ဆံရေး ကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဆင့်သို့ မြှင့်တင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း အာဆီယံ-ဥရောပသမဂ္ဂ မိတ်ဖက်ဆက်ဆံရေး တိုးတက်ခိုင်မာမှုရှိစေရန် အရေးကြီး ကြောင်း အလေးထားဆွေးနွေးခဲ့ပြီး အာဆီယံဒေသအတွင်း ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး အတွက် ဥရောပသမဂ္ဂမှ Team Europe package ဖြင့် ယူရို သန်း ၈၀၀ အကူအညီ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ထို့အပြင်အာဆီယံ၏ COVID-19 တုံ့ပြန်ရေးရန်ပုံငွေ (COVID-19 ASEAN Response Fund) နှင့် အာဆီယံ၏ ဘက်စုံပြန်လည်ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework) သို့ အကူအညီများပေးအပ်သွားရန် တိုက်တွန်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုံခြုံ၊ စိတ်ချရ မှုရှိသည့် ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် နည်းပညာကိုအလွဲ သုံးစားပြု သည့် အကြမ်းဖက်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြား ခဲ့ပါသည်။ ထို့အပြင်ပြည်ထောင်စု ဝန်ကြီးကဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက်အကူအညီများအပါအဝင် အထူးသဖြင့် COVID-19 ရောဂါ ကြောင့် အလုပ်ဆုံးရှုံးရသည့် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်သားများ အတွက် အကူအညီများ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပိုမိုမြှင့်တင်ရေးအတွက် များစွာဆန္ဒရှိ ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အစည်းအဝေးမှ (၂၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂပူးတွဲသဘာပတိများ၏ သတင်း ထုတ်ပြန်ချက်နှင့် အာဆီယံ-ဥရောပသမဂ္ဂပေါင်းစပ်ဆက်နွယ်မှုဆိုင်ရာ ဝန်ကြီး အဆင့် ပူးတွဲကြေညာချက် (Asean-EU Joint Ministerial Statement on Connectivity) ကို ထုတ်ပြန်ခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် အဆင့်မြင့်အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)
Newspaper
-
-
-
Vol.VII, No. 279, Wednesday, 20 January 2021
- Publisher : New Light
- Publication Date : 2021
- Page : 16
- Language : English
- Download
-
-
-
-
Vol. VII, No.277, Monday, 18 January 2021
- Publisher : New Light
- Publication Date : 2021
- Page : 16
- Language : English
- Download
-
-
-
-
Vol. VII, No.275, Saturday, 16 January 2021
- Publisher : New Light
- Publication Date : 2021
- Page : 16
- Language : English
- Download
-
Announcement
အခွန်အယူခံ ခုံအဖွဲ့က ၂၆ - ၁ - ၂၀၂၁ ရက်နေ့ တွင် ဗီဒီယိုဆက်သွယ်မှုစနစ်( Video Conferencing ) ဖြင့် ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း
Posted on January 18, 2021Announcement on contribution of cash donation towards COVID Vaccination Fund
Posted on January 16, 20211. The people who want to contribute cash donation for the purchase of vaccines, can donate to the COVID-19 Vaccination Fund at Myanmar Currency Account No. OA 013733 of Myanma Economic Bank (Nay Pyi Taw) by using the following methods: