နွားနို့သောက်သုံးသည့်အလေ့အကျင့်ကောင်းများရရှိစေရေး အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 28, 2022


ဘားအံ - စက်တင်ဘာ (၂၈)

ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ်အနေဖြင့် ကလေးငယ်များ နွားနို့သောက်သုံးသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက နွားနို့နှင့်ကြက်ဥများတိုက်ကျွေးခဲ့ကြသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပညာရေးဦးစီဌာန တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ကလေးငယ်များအား နွားနို့နှင့်ကြက်ဥများတိုက်ကျွေးခဲ့ကြခြင်းဖြစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများက ရွှေကင်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူ ၁၃၂ ဦး၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူ ၁၂၄ ဦး စုစုပေါင်း ၂၅၆ ဦးအား နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။

နွားနို့သောက်သုံးခြင်းသည် ကျန်းမာသန်စွမ်း၍ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး အရိုးအဆစ်များသန်မာကာ ခန္ဓာကိုယ် ကြီးထွားစေသည့်အတွက် အခြေခံပညာကျောင်းများမှစတင်၍ ကျောင်းသား၊ကျောင်းသူ၊ ကလေးငယ်များ အာဟာရပြည့်ဝသော နွားနို့သောက်သုံးသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ မိုးကယ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တတေဇိန္ဒ အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ဒါန်းမယ်-ဝါးဆူးကွင်း၌ မိုးစပါးစိုက်ပျိုး ထားရှိမှုအခြေအနေ၊ တစ်ဧကအထွက်နှုန်းတိုးတက်ရရှိရေးနှင့်မိုးစပါးအပြီး ဆီထွက်သီးနှံများ(နေကြာ)စိုက်ပျိုးထုတ် လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကော့ဒါန်းမယ်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ခု ထောက်ပံ့ရန်ပုံငွေကျပ် ၁၈ ဒဿမ ၈ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လေးလက္မစက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ကွန်ကရစ်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ငွေ ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ သန်း ဖြင့်ဆောင်ရွက်သော (၃၀ပေ x ၄၀ပေ x ၁၂ပေ)ရှိ ကျေးရွာခန်းမတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီအချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

 

Newspaper

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No. (2/2024)

Myanmar National Human Rights Commission / Posted on April 17, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 23, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ကြော်ငြာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023