အကြမ်းဖက်နှင့်ဒုစရိုက်

အကြမ်းဖက်နှင့်ဒုစရိုက်


Ministry of Information/ Naypyitaw / July 27, 2024
image_latest


ဝင်ငွေရှာဖွေသည့် ဒုစရိုက်လုပ်ငန်းများအနက် မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် လက်နက်မှောင်ခိုမှုတို့ပြီးလျှင် လူကုန်ကူးမှုသည် တတိယမြောက်ဝင်ငွေအများဆုံး ဖြစ်သည်ဟုဆိုသည်။ ကမ္ဘာပေါ်တွင် လူကုန်ကူးမှုပြဿနာသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုးရွားဆုံးဟု ဆိုသော်လည်း အမေရိကန်ကဲ့သို့သော နိုင်ငံ၌ပင်လျှင် လူကုန်ကူးမှု ပြဿနာမကင်း။ ကမ္ဘာတစ်လွှားကြီးထွားလာနေသည့် လူကုန်ကူးမှုဒုစရိုက်လုပ်ငန်းများအနက် အွန်လိုင်းရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုမှာ နိုင်ငံတကာမှလူငယ်လူရွယ်များ သတိပြုရှောင်ရှားကြရမည့် အန္တရာယ်တစ်ခုပင်ဖြစ်သည်။

အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့တို့မှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်ခြင်းကို ခံကြရသည့်အပြင် အဆိုပါရာဇဝတ်ဂိုဏ်းများက ၎င်းတို့အတွက်အလုပ်လုပ်ပေးရန် လိမ်လည်၍လူကုန်ကူးခံကြရသူများ၊ ငွေကြေးလိမ်လည်ခံကြရသူများ၏ မူရင်းမိခင်နိုင်ငံများ၏ အထင်အမြင်လွဲမှုများကိုပါခံကြရသည်။ အမှန်အားဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှာ မိမိတို့နိုင်ငံသားများက တည်ထောင်လုပ်ကိုင်နေခြင်းမဟုတ်ဘဲ ပြည်တွင်းသို့တရားမဝင် ဝင်ရောက်လာသူများက တည်ထောင်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ၎င်းတို့အနက်အများစုမှာ နယ်စပ်ဒေသများတွင် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး မြို့ပြများတွင်လည်း တိတ်တိတ်ပုန်း လုပ်ကိုင်သူအချို့ရှိသည်ကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည့်ဖြစ်စဉ်များအရ သိရှိရသည်။

အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းများက ၎င်းတို့၏လုပ်ငန်းများတွင် အသုံးချရန်အတွက် လူသစ်စုဆောင်းရာတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အိုင်တီနည်းပညာတတ်ကျွမ်းသူ၊ ဘာသာ စကားနှစ်မျိုးခန့် ပြောဆိုနိုင်သူ၊ ပညာအရည်အချင်း အသင့်အတင့်ရှိသူများကို ဦးတည်ချက်ထားပြီး ကုမ္ပဏီလုပ်ငန်းများအသွင်ဖြင့် လစာပမာဏများများဖော်ပြကာ သွေးဆောင်ဖြားယောင်းကြခြင်းဖြစ်သည်။ ထူးခြားချက်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်ကာလ တရုတ်နိုင်ငံတွင် လောင်းကစားဝိုင်းများကို နှိမ်နင်းလိုက်ပြီးနောက်ပိုင်း ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် နောက်ပိုင်းတွင် မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ ရောက်ရှိအခြေချလာခြင်း၊ တရုတ်နိုင်ငံသားများသည် အွန်လိုင်းဂိမ်းကဲ့သို့ ပြည်ပရှိတရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ပါက တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသဖြင့် အွန်လိုင်းဂိမ်းများတွင် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မခံရရေးအတွက် အခြားနိုင်ငံသားဟု လိမ်လည်ထွက်ဆိုခြင်း၊ ထိန်းသိမ်းထားရာနေရာမှ နည်းလမ်းအမျိုးမျိုးဖြင့် လွတ်မြောက်ရန် ကြိုးပမ်းခြင်းတို့ပင်ဖြစ်သည်။

မကြာသေးမီကဖြစ်စဉ်တစ်ခုတွင် တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ဖိလစ်ပိုင်မှထိုင်းသို့ရောက်ရှိလာသူ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးသည် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကာ နယ်စပ်ဒေသတွင် တရားမဝင်အလုပ်လုပ်ကိုင်ခဲ့ပြီး အဆင်မပြေသဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်ပြန်လည်ဝင်ရောက်ခဲ့ရာ ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ ၎င်းသည် တရုတ်နိုင်ငံကူးလက်မှတ်ကိုအသုံးပြုပါက တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည်ကိုစိုးရိမ်၍ ဖိလစ်ပိုင်နိုင်ငံသားအဖြစ် ထွက်ဆိုခဲ့သော်လည်း မနီလာလေဆိပ်အရောက်တွင် တရုတ်နိုင်ငံသားဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

မိမိတို့နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုနှင့်အလှမ်းဝေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများထိန်းချုပ်ရာ နယ်စွန်နယ်ဖျားဒေသများမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှု၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းများ တရားမဝင်အခြေချ လုပ်ကိုင်မှုများရှိနေရာ ဝင်ငွေအကောင်းဆုံးသော ဒုစရိုက်မှုများစုဝေးနေခြင်းပင်ဖြစ်ပြီး နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံးအတွက်လည်း ကြီးမားသည့်အန္တရာယ်ပင်ဖြစ်ရာ အကြမ်းဖက်မှုများနှင့် ဆက်နွှယ်နေသည့် ဒုစရိုက်လုပ်ငန်းများကိုလည်း အမြစ်ပြတ်သုတ်သင်ရှင်းလင်းကြရပါမည့်အကြောင်း။ ။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement

ပြည်သူများထံ အသိပေးပန်ကြားချက်

Ministry of Home Affairs / Posted on August 31, 2024

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

Union Civil Service Board / Posted on August 30, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

HOT NEWS
January 4,